ကျနော်တို့စခဲ့တဲ့နေရာကိုပြန်သွားကြမယ်။
ဒီတော့စာပေအနုပညာမှာကြားခံဘာသာစကားရဲ့visual effect မရှိသဖြင့်အစဉ်အလာဖွဲ့ထုံးများမှခွဲထွက်
သော်စိတ်ပါဝင်စားမှုအနဲပါးဆုံးဖြစ်မည် ဆိုသည့်ကောက်ချက်ကို သီးခြားစဉ်းစားရပါမည်။ (ခင်မောင်ရင်၏
နှမလက်လျှော့နေလေတော့ ရုပ်ရှင်။ အီတာလျှံ နှင့် ပြင်သစ်တို့မှ လှိုင်းသစ် ရုပ်ရှင်လှုပ်ရှားမှုများလည်း အတော်တွန်းထိုးလွန့်လူးခဲ့ရပါသည်)။
ဘာသာစကားရဲ့ပင်ကိုယ်သဘာဝတွင်ပင်စာရေးသူဆိုလိုရင်းကိုပို့ဆောင်ရန်မပြည့်စုံမှုများရှိနေသည်ဟု
အယူအဆများရှိနေပြီးဖြစ်သည်။ (ကျနော်အနည်းငယ်ဖွင့်ဆိုခဲ့သည့် structuralism မှာ language
ထောင့်မှ ချဉ်းကပ်မှုသာဖြစ်ပြီး မနုသဗေဒ စာပေ ယဉ်ကျေးမှုစသည်ဖြင့်အခြားချဉ်းကပ်မှုများ
လည်းရှိပါသေးသည်။ ထိုမှတဆင့် ခုအသုံးများသော binary oppositions, semiotics စသည့်အယူအဆများမှသည် post-structuralism နှင့် postmodernism များ၏အဆက်အစပ်များရှိနေပါသည်။ ကျနော်တို့ဆီတွင် ပညာရှင်များအားထုတ်ကြသော်လည်းကျယ်ပြန့်ရန်လိုအပ်နေဆဲဖြစ်ပါသည်။ ကျနော်ကတော့ဘာမှမဟုတ်ပါပဲတတ်စွမ်းသမျှ လေးရေးကြည့်တာ ဖြစ်ပြီးရှုတ်ထွေးခဲ့သော် အမှားအယွင်းများတွေ့ခဲ့သော် နားလည်စေချင်ပါသည်)
ကျနော့်အမြင်တွင် စာရေးသူတဦးသည်သူ့ခံစားချက်အတိုင်းစာဖတ်သူသိမြင်နိုင်ရန်အားထုတ်လိုပါသော်လည်း ဖန်တီးမှုအပိုင်းတွင်ကြားခံဘာသာစကား၏ကန့်သတ်မှုအပြင်သူ့ခံစားချက်မှသည်အနုပညာပစ္စည်းတခုဖြစ်လာ
သည်ထိ ဖြတ်သန်းသည့်အဆင့်များတွင်ပင်လွတ်ကျကျန်ခဲ့နိုင်ပါသေးသည်။ (အော်ဒီနေ့အင်းလျားကလေတွေမွှေးပါတယ်
မှတ်တယ် မြကြာဖြူလာတာကိုး...ဆိုသည့်တင်အောင်နီကာတွန်းစာသားကို ကိုးကားပြပါရစေ။ အခန့်မသင့်ရင်သူ့ဆိုလိုရင်း
ကနေဝေ့ထွက်သွားမလားပဲ)
ဖန်တီးမှု၏ပြင်ပတွင်မူ (စာဖတ်သူလက်ထဲရောက်သွားသည့်အခါ) အနုပညာတခုကိုခံစားသူကဘယ်ပုံ
ခံစားသည်ဆိုသည့်အချက်မှာ စာဖတ်သူ၏ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ ဆည်းပူးလေ့လာမှု နှင့် အနုပညာလက်ရာကို အရသာခံလိုစိတ်တို့ကိုလည်းထဲ့သွင်းစဉ်းစားရပါတော့မည်။
Bob Perelman က china ကဗျာကို တရုတ်တန်းမှာလမ်းလျှောက်သွားရင်း တရုတ်ပြည်တွင် ရိုက်ထားသည့် ဓါတ်ပုံအယ်ဘမ်တခုကဓါတ်ပုံများကိုကြည့်မိပြီးရေးခဲ့သည်ဟုဆိုသည်။ ဂျိမ်းဆင်ကသူ့ဝေဖန်စာကိုအဲဒီအချက်
ကိုသိပြီးမှရေးတာဖြစ်သော်လည်း ကျနော်ကကဗျာဖတ်ပြီး ဆိုနေကျသီချင်းကဗျာကိုသတိရသွားစဉ်က
ဒီအကြောင်းမသိရသေးပါ။ ပြောချင်တာက ဖန်တီးသူဘက်တွင် ပဲလ်မင်းကဓါတ်ပုံတွေကိုကြည့်ပြီး သူထင်ရာရေးသွားတာလား။သူ့ရှိရင်းစွဲ ပုဂ္ဂလိကခံစားချက်များနှင့်ထင်ဟပ်ညှိနှိုင်းရေးသွားတာလား ဆိုတာကတော့ သူသာသိပေမည်။ ဖတ်သူကျနော့်ဘက်တွင်မူ ဒီကဗျာကိုဘယ်လိုအဆက်အစပ်တွေနဲ့
ဘယ်ပုံရောက်အောင်ခံစားမိသွားသည်ဆိုတာကအခြားအပိုင်းတပိုင်းဖြစ်နေသည်။ ဒီအထဲ ကဗျာဆရာကLP
ကဗျာဆရာဖြစ်ပြီး ဘာသာစကား၏နေ့စဉ်ဘ၀အပေါ်လွှမ်မိုးချယ်လှယ်မှုများပေါ်တန်ပြန်လိုသူဖြစ်နေသည်။
အနှစ်ချုပ်လျှင်မီဒီယံကတော့သုံးရဦးမည်။ မီဒီယံကိုမသုံးချင်သည့် Conceptualist များလည်းရှိပါသည်။ အိမ်သာကမုတ်ကြီးပြပွဲတင်တာတွေလည်းရှိပါမည်။ ကြိုက်သူများကြိုက်ပြီးကဲ့ရဲ့သူများလည်းရှိကြသည်ပင်။
ကြားခံမကြိုက်လို့ လူကိုယ်တိုင်သရုပ်ဆောင်ပြသည့် performance တွေလည်းရှိသည်။ သို့သ်ာဒီမှာလည်းလူက
ကြားခံဖြစ်ရသည်။ ဒါက Material ပိုင်းဆိုလျှင် processing မှာလည်းပြောခဲ့သလိုထွက်ကျသွားနိုင်တာတွေရှိ
သည်။ နောက်ဆုံး end user ကလည်းသူ့လုပ်ပိုင်ခွင့်တွေအပြည့်ရှိနေသည်မဟုတ်ပါလား။ ဖွဲ့ထုံးပြသနာကစာပေ
မှာသာမဟုတ်။ ဂီတမှာလည်းသံဆန်းဆိုတော်တော်နဲ့နားမ၀င်ပါ။
အနုပညာလက်ရာတရပ်ကိုခံစားသည့်အခါခံစားဖို့လိုလိုလားလားရှိဖို့လည်းလို။ ကိုယ့်ခံစားမှုအလေ့အကျင့်
နှင့်မယဉ်ပါးသေးလျှင်သည်းခံဖို့လည်းလို။
တနေ့ပြီးတနေ့အကြောင်းအရာများအပြောင်းအလဲတွင်ပုံသဏန်ကလည်းရုန်းမည်။
ပုံသဏန်ပြောင်းလျှင်အဓိပ္ပါယ်လည်းအသစ်ဖြစ်မည်။ မဟောင်းခင်ထိတော့သစ်မည်ပေါ့။
သစ်တာမကြိုက်ရင်မဟောင်းမိစေဖို့လိုမည်။
အနုပညာနဲ့ Reality ရှာတာပါဆိုရင် ပရမတ်ကို ပညတ်နဲ့ဖမ်းတာ မှားမှန် ကျနော်လည်းမဝေဖန်
ရဲပါလေ။
No comments:
Post a Comment