အခန်း(၁)
မေ ၂၀၀၈ ဘိုကလေးမြို့
မြန်မာနိုင်ငံ
ညနေကလမ်းထိပ်မှာတကီလိုလောက်ရှည်သည့်ဗွက်ကိုရုန်းနိုင်မည့်ပုံမပေါ်သဖြင့်ကျနော်တို့
ကားကိုထားပြီးပဲ့ထောင်တစီးကိုတားဆီးခဲ့ကြသည်။ ကားကဆယ်ဘီးကားတွေလိုအကြီးကြီးတော့မဟုတ်။
ဒါပေမဲ့ဝိတ်ကရှိနေသည်။ ဆန်အိတ်နဲ့အ၀တ်အစားတွေကများလှသည်မဆိုနိုင်သော်လည်း ရေသန့်ဘူးကြီးတွေက
ထောင်ကျော်ရှိနေသည်။ ညနေက ဖျာပုံ ဘိုကလေးကားလမ်းပေါ်က ကလေးတွေကိုမုန့်ထုပ်တွေ ပစ်ချပေးမိသည်။ ညနေကပဲ့ထောင်ပေါ်မှာလူကြီးတယောက် စကားတွေပြောသည်။ ပြီးမျက်ရည် တွေကျလာသည်။ ကမ်းစပ်ကို ကြည့်သည် ပြီးတော့ရေတဘူးပေးပါပြောသည်။ သူ့ကလေး ပြန်တွေ့ရင် ရေဆာ နေလိမ့်မည်ဆိုသည်။ ညနေကတာပေါ်လင်စတွေကိုကားပေါ်ကထမ်းချခဲ့ကြသည် ။ ညနေကချောင်းတဘက်ကို
ဖြတ်ကူးခဲ့ ကြသည်။ ညနေကနတ်လမ်းပေါ်မှာတန်းထိုးပြီးခင်းထားသည့်ထမင်းဝိုင်းမှာစားခဲ့သည်။ တန်ဆောင်းက ခိုင်ခန့်ပြီးကုတင်လေးတွေကသပ်သပ်ရပ်ရပ်။ ပြသနာကခြင်ကိုက်သည် ဦးဇင်းလေး ပေးသွားသည့် စောင်ကလုံပါသည်။ သို့သော်အနံ့အသက်ကမကောင်း ။ ခနနေတော့ ပြည်မှာဆောင်း ကိုစကြားရတော့သည်။
ဘိုကလေးသည်တောကြီးမျက်မည်းမဟုတ်။ လွန်ခဲ့သော၂၅နှစ်ခန့် ကပင် ကျနော် လူရည်ချွန် စာမေးပွဲဖြေ ခဲ့ဖူးသည့်မြို့ဖြစ်သည်။ အဲဒီတုန်းက အထက ၁ မှာဆရာငြိမ်း၏ လူချွှန်လူကောင်းကိုစကြားဖူးချင်းဖြစ် သည် ။ ကျနော်တထိုင်တည်းကြိုက်သွားခဲ့သည်။ သို့သော်ခုနေရာကမြို့ပေါ်မဟုတ်။ မြို့အ၀င်တံတားကျော်ပြီးစကတည်းက ချိုးလာခဲ့သည့်လမ်းပေါ်မှာ။ ဘုန်းကြီးကျောင်းသည်မြို့နှင့်အတော်အလှမ်းကွာသည်ပြောနိုင်သည်။ ခုအိပ်သည့်တန်ဆောင်းက ပင်ရင်းဘုန်းကြီးကျောင်းဘက်ခြမ်းမှာပင်မဟုတ် ချောင်းတခုခြားသည်။ ဆွမ်းစားကျောင်းခွဲရှိသည် တရားစခန်းအတွက်လား စာသင်ကိုယ်တော်တွေအတွက်လားမဆိုနိုင်။ တန်ဆောင်းတွေ ရှိသည်။ ချုပ်သော် ပြည်မှာဆောင်း လိုသီချင်းမျိုးကြားရဖို့အထိ မြို့ပြအာရုံလုံလောက်သည့်နေရာ မျိုးတော့လည်းမဟုတ်ပေ။ ကျနော်ညနေကဖြတ်လျှောက်ခဲ့သည့်ယာယီစခန်းတချို့မှာတွေ့ခဲ့ရသည့်အပူရောင် အညိုရောင်မျက်နှာတွေနဲ့ အတွေးသံသရာရဲ့အလင်းနဲ့အမှောင်မှာနေ့ရက်ဟောင်းတွေဟာ ဆိုသည့်စာသားမျိုးက ဘယ်လိုမှဆက်စပ်လို့မရ။ နောက်မှဇတ်ရည်လည်သည်။ ပြည်ကနေကျနော်တို့အရင်ရောက်နေသည့် စေတနာ ၀န်ထမ်းကယ်ဆယ်ရေးသမားတွေ။
“ဆံပင်ရှည်ရှည်နှင့်ကောင်လေးတွေကခေတ်ပြောင်းတော်လှန်ရေးအော်လျှင်ကြိုက်သလောက်အော်ပါစေ အသက်လေးဆယ်လောက်ရောက်လျှင် သူတို့အားလုံးသည် ၀န်ကြီးများမဟုတ်သည့်တိုင် တရားရုံးရှေ့နေ သို့မဟုတ် တရားမ၀င်အရက်ချက်ရုံပိုင်ရှင် သို့မဟုတ် ဘူဇွာကလေးတွေဖြစ်သွားကြလိမ့်မည်။ ဘာမျှစိုးရိမ်စရာမလို” ။ အာရင်ဘတ်သည်ဒီတချက်တော့ လူငယ်တွေအပေါ်အထင်သေးရာရောက်သည်ဟု ယူဆရတော့မည်။ သို့သော်ကျနော့်စိတ်ထဲမလုံချင်။ အတော်နောက်တဲ့လူ အလုပ်လုပ်တော့ဘာဖြစ်သေးသနည်း။ အသက်၄၀ မှာဘ၀စတယ်ဆိုကြတာပဲ။ ဘ၀ဆိုတာမစခင်ကတည်းကပိုက်ဆံလိုသည်မဟုတ်လား။ သည်တော့အလုပ်ကတော့လုပ်ရပေမည်။ ပသို့ဆို စေကာမူ မဟာအောက်တိုဘာတော်လှန်ရေး၏ ခေါင်းဆောင်ကြီး လီနင် ကတော့ကြိုက်နိုင်ပါသည်။ MAN WAS BORN TO LABOR. လို့သူကဆိုခဲ့ဘူးသည်လေ။
လေကနေစွမ်းအင်ထုတ်မည်ဆိုလျှင်မဖြစ်နိုင်စရာဘာအကြောင်းမှမရှိတော့ပါ။ လမ်းတိုင်းမပျက်သည့် နေရာမရှိ။ မနက်ပိုင်းမြို့ထဲထွက်တော့မှအပျက်အစီးတွေကိုတွေ့ရသည်။
အခန်း ၂
ဇူလိုင် ၂၀၀၃ ပါရီမြို့
ပြင်သစ်နိုင်ငံ
No comments:
Post a Comment