Friday, October 30, 2009

အပျော်တမ်းသမားဝေဖန်ရေး

ကိုတီတူး

အပျော်တမ်းသမားကိုပြန်ရေးဖို့ကျနော်အားထုတ်ရာမှာအရင်
ခင်ဗျားဝက်ဘ်ထဲမှာကွန်မင့်ရေးခဲ့တဲ့အခံကိုပြန်မရဘူးဖြစ်နေတယ်
ဒီလိုနဲ့ကြာလာတာခုထိပဲဆိုပါတော့
ခုတင်ပဲ ခင်ဗျားဘာသာပြန်ကိုကျနော်ပြန်ဖတ်ကြည့်တယ်
ဘာသာပြန်ဟန်ကိုကျနော်မဝေဖန်တော့ပါ။
မူရင်းကိုလည်းဖြန်းဖတ်ကြည့်တာဆိုတော့ဘယ်နေရာဘယ်လိုပြန်တာ
ကောင်း၏ ဆိုး၏ ဆိုတာတွေပြောရင်လည်း ၀ါးချတာပဲဖြစ်မှာ။
ပြောရရင်ကျနော်လည်းစာလုံးပေါင်းဖတ်ရတဲ့အဆင့်ထက်ယောင်ယောင်လေး
သာတယ်ပြောနိုင်ရုံဆိုတော့ ပြန်ဟန်ထက် မူရင်းဆရာရဲ့စာကိုယ်ပိုင်းကိုပြောရင်ကောင်းမလား
သဘောရပါတယ်။ စကြမယ်လေ။
အဆင့်ဆင့်လက်လွှဲရာကနေစံနစ်ကြီးတခုလုံးပြိုသွားတယ်လို့ပထမပိုဒ်မှာတွေ့တယ်
ပြသနာရဲ့အနံ့တော့ရနေပြီ တခြားသူတွေရှင်းပါလိမ့်မယ် ကျွမ်းကျင်သူတွေရှိသားပဲဆိုတဲ့
အတွေးဟာအမေရိကန်တွေမှာရှိတယ်ဆိုရင်တောင်သူတို့မှာအဖော်တွေနဲ့ပါ။
ပြသနာဟာကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့အတွေးအခေါ်ကြောင့် စံနစ်တခုလုံး။ အဖွဲ့အစည်းတခုလုံး
နိုင်ငံတနိုင်ငံလုံး ဘုံးဘုံးကျသွားနိုင်တာမျိုးဆိုရင် ခင်ဗျာနမူနာတွေလိုမယ်မထင်ပါ။
မီးဆိုတာပူမှန်းလူတိုင်းသိကြတာပေါ့ သို့သော် ကိုယ်ကိုင်မိတဲ့မီးကပိုပူတယ်လို့ ပြောတဲ့သူတွေကအများကြီး
(ကိုယ်ပေါင်ကိုယ်ကြက်မွှေးလေးနဲ့ပွတ်ရရင် ကျနော်လေထိုနည်းလည်းကောင်းပါ)
အမေရိကားမှာပညာရှင်နိုင်ငံရေးသမားရှားတယ်ဆိုရင်
ကျနော်တို့ဆီက ဆရာများကိုဂရင်းကဒ်ပေးစေချင်တယ် ဒီမှာက
နိုင်ငံရေးကျွမ်းကျင်သူတွေ လေ့လာသူတွေ ဘေးထိုင်ဘုပြောသူတွေ (ခင်ဗျားအပါအ၀င်) များတယ်မဟုတ်လား။
မူရင်းရေးသူရဲ့အပျော်တမ်းသမားကို အဓိပ္ပါယ်ဖွင့်ပုံထိဘာမှမပြောလိုပေမဲ့
အဲသည်ကတဆင့် အမေရိကန်တွေရဲ့ဘက်နှစ်ဘက်စိတ်ဓါတ်။ ၀ိရောဓိနဲ့ လူသစ်တန်းစိတ်ဓါတ်တွေဆီ
ကူးသွားတာကတော့နဲနဲအလောသုံးဆယ်နိုင်သလိုခံစားရပါတယ်။
ဆက်ပြောရရင် ရွေးစရာအနည်းထက်စာရင်ရွေးစရာအများရှိနေတာပိုကောင်းတယ်ပြောနိုင်ပေမယ့်
ဖြစ်နိုင်ခြေအများဟာေ၀၀ါးမှုကိုဖြစ်စေပါတယ် ဘာမှမရွေးပဲ မျှောစေနိုင်တယ်။ ရှိရင်းဆွဲအနေအထား
အဆိုးကိုသည်ပင် ခင်တွယ်စေတတ်ပါတယ်။
ဒါကိုလည်း အသိတရားရဲ့ဟုတ်ယောင်ထင်လှည့်စားမှုလို့ပြောလို့ရနိုင်မလားပဲ
လူသစ်တန်းသမားရဲ့ပေါ့ပါးလတ်ဆတ်မှုကနေ စတိဗ်ဂျော့ကို အောင်မြင်စေတာလို့
မူရင်းရေးသူကဆိုလာရင် ကျနော်က တ၀က်ပဲလက်ခံရပါလိမ့်မယ်
Apple ဆရာရဲ့မြင့်မားတဲ့ဥါဏ်အခံကို လွတ်လပ်စိတ်က ၀င်ပြီးဖွင့်ပေးခဲ့တာသာဖြစ်ပါလိမ့်မယ်
ကျနော်လိုလူမျိုးဘယ်လောက်ပဲလွတ်လွတ်လပ်လပ်တွေးတွေး iPHONE လိုမျိုးရဖို့တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး
နောက်ဆုံးတခုမှပဲသဘောတွေ့တော့တယ်ကိုယ့်ဆရာရေ
ယခုလက်ရှိအကျပ်အတည်းမှလွတ်မြောက်ပြီးကံကောင်းကြပါစေ ဆိုတာလေ
ကွက်တိပဲ ကျနော်တို့နဲ့
ကျနော်တို့လည်းဆုတောင်းဖို့ပဲတတ်နိုင်ကြတာကလား။
တော်သေးပြီမြန်မြန်မပြောရင်ခင်ဗျားကျနော့်ကိုဆဲတော့မှာမလား။

KZ ကေ

မှတ်ချက်။
http://tharapar.blogspot.com/2009/08/blog-post_23.html
ဒီလင့်က အက်ဆေးဘာသာပြန်ကိုဖတ်ပြီးရေးတာပါ။ ဘာသာပြန်ထက်နားလည်ရပိုခက်သွားရင်ကျနော့်အားထုတ်မှုကိုသာအပြစ်တင်ကြပါခင်ဗျား။

Sunday, October 25, 2009

တယောက်တည်းဆိုတာဘယ်နှစ်ယောက်များလဲ (တခဏအဆိုးမြင်ဝါဒနှင့်လေညှင်းခံခြင်း)

ကျနော်တော့ဖိအားတွေအောက်မှာနေခဲ့ပြီးပြီ
ခုအခက်အခဲတွေကိုလည်းပျင်းလာပါပြီ
နေပူတယ် တော်တော်
မိုးမှောင်ကြတယ် မိုးကြီးမဲမှောင်
မထူးတော့သလိုဖြစ်လာတော့
မထူးတော့သလိုပါပဲ
ခင်ဗျားပို့တဲ့မေးရတယ် U tube လည်းကြည့်ရပါ့
ကလေးမတွေလည်း ဒီရေစီးမှာမျောတာပေါ့
ခင်ဗျားတောင်ရေခဲစိမ်ဘီယာကြိုက်တာပဲမလား
မြန်မာတွေ တကမ္ဘာလုံးကိုယ့်အိမ်ကိုယ့်ယာလို
ကောင်းတာပါပဲဗျာ အမိမဲ့သားရေနဲငါးလို့
ခင်ဗျားအပျက်မမြင်ပါနဲ့
ဘာလိုလိုနဲ့ ရှေ့နှစ်ဆို
ရှေ့နှစ်ရောက်တော့မှာ
ရိုးရိုးသားသားပြောရရင်
ညနက်သန်းကောင်ခင်ဗျားဘလော့တွေရေးတာ
ခင်ဗျားကိစ္စပါ
မရောထွေးပါနဲ့
မရောထွေးပါနဲ့လေ ခင်ဗျားဘလော့ကခင်ဗျားစိတ်အဆာပြေပါ
ပြည်တော်ကြီးတို့ ရွြှေ့ပည်တော်မျှော်တိုင်းဝေးတို့
လွတ်လပ်မှုနဲ့တရားမျှတမှုတို့
ထားပါ
ကျနော်လည်းကိုယ့်ဘ၀ ဒီမြေမှာထိုးစိုက်ရှင်သန်ခဲ့တာပါ
ခုမှ တစိမ်းမြေကိုမယုယချင်တော့ပါဘူး
သို့ပေမဲ့ ဒီသို့ပေမဲ့ကိုတော့
ကျနော်တို့ တုတ်ထမ်းဓါးထမ်းပြီးပြောရတော့မှာပဲ
ခင်ဗျားကဘလက်ဘယ်ရီနဲ့
ဘလက်လေဘယ်နဲ့လေ ဒီတော့လွှတ်တော်မှာ
နောက်တနှစ်ဆိုတော့ နောက်တနှစ်ပေါ့
ဘာအရေးလဲ
ကောင်းပါတယ် ကောင်းတာလုပ်ရင်လို့
ကျနော်အစကထင်ခဲ့တာ
ထားပါလေ။ ခင်ဗျားလည်းစိတ်ဝင်စားမဲ့ခေါင်းစဉ်မဟုတ်ပါဘူး
ဒီနေ့မနက်ကျနော့်ကိုဘယ်သူဖုန်းဆက်လည်းသိလား
သောက်ကျိုးနည်းဗျာ ဒီကောင်ကြီးပွားနေတာမြင်ရင်
ခင်ဗျားမနာလိုဖြစ်မှာပဲ
ဟားဟား ဒီအသက်အရွယ်ရောက်မှခုလိုသိတာတုံးလွန်းလို့လို့
ကျနော်သဘောပေါက်သွားပါပြီ
ဟေ့လူ နိုင်ငံရေးဘောဂဗေဒတို့ ပို့စ်မော်ဒန်တို့ ဥါဏ်အလင်းပွင့်ခေတ်တို့
ဆိုတာတွေက ကန်တော့ပါရဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးပြီး
ဘ၀င်မြင့်နေတဲ့ကောင်တွေပြောကြတာ
တောင်စဉ်ရေမရတွေပါကိုယ့်ဆရာရယ်
ဟုတ်ပြီလား ကျနော်တခုနမူနာပေးမယ်

KZကေ

Thursday, October 8, 2009

ပြီးခဲ့တလတာအကျဉ်းချုပ်

ကိုတီတူး
စက်တင်ဘာအမှောင်မှာကျနော်ပုန်းနေတာ
မိတ်ဆွေကြီးဆရာဘိုကတော့မင်းဘာသာစိတ်ကူးတွေမပွင့်လန်းတိုင်း
အနက်ရောင်စက်တင်ဘာတွေဘာတွေမလုပ်ပါနဲ့လို့ဆိုသဗျ
ဘယ်ဆိုးမလဲ သူလည်းသူ့စကားအရကျနော့်ဘလော့စောင့်ဖတ်သူပေါ့
ဒါကအရေးမကြီးပါဘူး
ဆိုတော့ဘာကအရေးကြီးမတဲ့တုန်း
ဒီလိုဗျ သူပြောတာလည်းမမှားဘူး
အနုပညာ(ဒီလိုပဲခန့်ခန့်ထည်ထည်သုံးခွင့်ပြုပါ)တခုဖန်တီးဖို့
ကျနော့်အတွက်တော့ အနဲလေး ကျနော်တယောက်တည်းအတွက်တော့
ထူးသယောင်စိတ်အခြေအနေတရပ်တော့လိုတယ်
ထူးမှခြားနားဆိုတာမျိုးနဲ့လည်းမရောနဲ့ပေါ့လေ
လောဘစိတ်ကင်းတဲ့လိုချင်မှုတခု
ကျနော်လည်းမပြောတတ်ဘူး ဘာသာစကားကဗျာဆရာတွေအားတက်အောင်ပြောရရင်
ဘာသာစကားနဲ့ရှင်းပြရန်ခက်ခဲတဲ့စိတ်ခံစားမှုတရပ်ပေါ့ဗျာ
ရှေးဆရာတွေပြောခဲ့တဲ့ အင်စပက်ရေးရှင်းလိုဟာမျိုးဖြစ်မှာပေါ့
အဲဒါကျနော့်ဆီမှာ စက်တင်ဘာတလလုံးချို့တဲ့နေခဲ့တာ
ဒါနဲ့ မနေ့က ဘရင်းကြက်ပေါင်းရေသောက်ကြည့်တယ်
ညှီစို့စို့နဲ့ ဘယ်လိုဟာပါလိမ့်ပေါ့
ပြောရရင် ပက်ပက်စက်စက်ပြောရရင် မကောင်းဘူး
မကောင်းရင်မပြောနဲ့ပေါ့ဗျာ ဆိုရင်ဖြင့်
ဘေးကင်းရန်ရှင်း သွေးတိုးရောဂါသိကောင်းစရာတို့ဘာတို့ပဲရေးရတော့မှာပဲ
စကားမစပ် ခင်ဗျားကရပ်မင်ကြီးလည်း အိမ်ဖြူကိုမျက်စောင်းထိုးခဲ့ဆိုပဲ
အနဲဆုံး ဖက်ငှက်ကထ (FED) လောက်တော့မှန်းကောင်းမှန်းခဲ့ပေမပေါ့
ကျနော်ဟာ အမြဲမကြေနပ်နေတဲ့သူပုန် တယောက်ပါဗျာ ဆိုတဲ့
သူ့အပြောလေး ခင်ဗျားသဘောကျနိုင်တာပ
ထပ်ပြီးစကားမစပ်ရရင် ပိုလန်းစကီးကို ဆွစ်ရောက်တုန်းဖမ်းလိုက်တယ်
မန်ယူမှာအရင်ကစားသွားတဲ့ ပိုလန်းစကီးလားလို့မမေးနဲ့ပေါ့လေ
ဘားလမ်းထိပ်မှာ နားကွင်းတဘက်နဲ့ နောက်နှစ်ရာသီအစမှာ
အိုဘားမားကို စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး
ရန်ကုန်ယူနိုက်တက်ကိုခေါ်မယ်ဆိုတဲ့ ခေတ်လူငယ်လေးလိုတော့ မမေးနဲ့ပေါ့လေ
အနုပညာဟာ အမြဲတန်းအာဏာရှင်ဆန်ခဲ့တာ ဆိုတဲ့သူ့အပြောတော့
ခုထိကျနော်ချေဖျက်ရခက်တုန်းပဲ
ပီယာနိုထဲမှာ လူပြုတ်ကျတဲ့အသံသူရိုက်လိုက်တာ
ကျနော့်မှာကတုန်ကယင်တွေဘာတွေဖြစ်လို့
ကျနော်ခုနေတဲ့အိမ်က ကေဘယ်လိုင်းကိုရုံးကခုထိပိုက်ဆံသွင်းပုံမရဘူး
ဘာချယ်နယ်မှကြည့်မရဘူး
မဟာတရုတ်ပြည်ကြီးနှစ်၆၀ပြည့်ပွဲလွဲသပေါ့
တမျိုးကောင်းတာပေါ့ cnn တို့ bbc တို့လည်းဘာထူးလို့လည်း
ရေကြီးတယ် လေတိုက်တယ် လောက်ပါပဲ
အီရတ်မှာဗုံးကွဲတယ် အာဖဂန်မှာ လည်းဗုံးကွဲတယ်
အီရန် ညူကလီးယားက ဘာဘာညာညာ ဒါတွေပါပဲ
ကဒါဖီက ကိုလံဘီယာ (ဗင်နီဇွဲလားထင်တယ်) သွားတယ် အားအားယားယားဗျာ
အိမ်ရှင်ကောင်ကလည်း အမျိုးသားရေးဒါဒီလိုလို
လက်ဝဲသစ်လိုလို ဘာလိုလို ဆန်သစ်ဆန်ဟောင်းလောက်တော့
ကျနော်တို့နဲ့မနီးစပ်တာအမှန်ပဲ
ဂျာမန်မှာ ဟိုအမျိုးသမီးကရွေးကောက်ပွဲနိုင်ပြန်တယ်
ဒါနဲ့ပဲ ကျနော်ရေးခဲ့တဲ့ ချက်ပွိုင့်ချာလီကိုသတိရပြန်ရော
ဒီလထဲမတော့
ဆက်ဆံရေးနဲ့ ဘာတွေကစားဦးမလဲမသိ
ဆက်သွယ်ရေးတွေကောင်းဖို့လိုတယ်ဗျာ အိမ်ကိုဖုန်းဆက်ရခက်လို့
ပြောရင်လည်းခက်ဦးတော့မှာ
သွေးတိုးရောဂါသိကောင်းစရာဆိုဘေးကင်းရန်ရှင်း
ခင်ဗျားရဲ့အပျော်တမ်းသမားကျနော်ရေးမှာပါ
ခနစောင့်

KZကေ

Sunday, October 4, 2009

ပျှမ်းမျှနေ့တနေ့နောက်ကြောင်းပြန်

ညဘက်ရောက်တော့ကျနော်တောင်ကိုယ့်ဘာသာကိုယ်
မမှတ်မိတော့ဘူး
အပေါ်ကသတင်းစာစက္ကူကိုခွာလိုက်တော့မှ
အထဲမှာသတင်းတခုရှိမှန်းသိရတော့တယ်
ဒီကနေစပြီးနောက်ကြောင်းနဲနဲချင်းပြန်ကြည့်ကြရအောင်
နေဟာရုတ်တရက်ဆိုသလိုမဟုတ်ပေမဲ့
ကျနော်သတိမထားမိခင်မှာပဲမှောင်သွားတယ်
လေဟာဖြည်းဖြည်းချင်း ပြီးတော့မှစပိန်ကျွှဲရိုင်းအတိုင်း
နီနေတဲ့သူ့ရှေ့ကလူမျက်နှာကို ဆတ်ကနဲတိုက်ချလိုက်တာ
ပြောတာတွေကတော့အစုံပဲ
တချိန်လုံးငြိမ်နေရာက ခုတော့တရစပ်ပဲ
သုံးမတ်ခွေးသွားစိတ်ကအစ လေယာဉ်ပျံတစ်စင်းလုံး
လေယာဉ်ပျံကအစ လောကဓတ်တခုလုံး
လောကဓတ်တခုလုံးကအစ ကာလရေကြည်လေးအထိပေါ့
အရှိန်ရလာပြီဆိုတာ သကောင့်သားရဲတက်လာကြည့်ရုံနဲ့သိသာတယ်
နောက်တော့လည်းသိပ်ရှာမနေရပါဘူး
ဒီပန်းခြံရှေ့ရပ်လို့ကားဆရာကိုပြောလိုက်တယ်
သူတို့ပြောတဲ့နေရာကိုကိုယ်ကသိတာမဟုတ်
အိုကေပါလို့သာပြောလိုက်တာ
ဖုန်းလည်းအားသွင်းဖို့လိုနေလိမ့်မယ်
မနေ့ကစာတမ်းအကြမ်းကိုခပ်ဆတ်ဆတ်ပြန်ဖတ်
အပြင်မသွားခင်အလုပ်ကလေးတခုတော့လက်စသတ်ဦးမှပဲ။
ပေါ့ပါးဖို့လိုတယ် ဆော့ကစားဖို့လိုမယ်တဲ့
ပို့မော်ဒန်တို့ဘာတို့ ခင်ဗျားအခြေခံနဲ့
ခင်ဗျားထင်တာတွေပြောတော့မှာ။
စာအုပ်ကထူလွန်းတယ်
ခုလိုနေ့လည်နေ့ခင်းပျင်းစရာကောင်းပုံမှာ
ပျင်းစရာကိုထူအောင်လုပ်တော့မှာပဲ
အကျိုးရှိအောင်စာဖတ်မယ်ဆိုတဲ့အတွေးအခေါ်ဟောင်းကရှိတုန်းပါကလား
ခေတ်၅ခေတ်တရုတ်ပြည် ၀ါး။
ဂျာနယ်နဲ့ ကာဖယ်နဲ့ ခိုးဝယ်လို့ရတဲ့
အလိပ်ပြေစီးကရက်တွေနဲ့
ကိုယ့်တို့မြို့ဟာရေလျှံတယ်ဆိုဦးတော့
နေပျော်ပါသေးတယ်
မျက်နှာသစ်ပြီး သွားတိုက်ပြီး
ကိုယ်လက်သန့်စင်ပြီး
မိမိကိုယ်မိမိအားကိုးရန်မနက်ခင်းတခုဖူးပွင့်လာရာ.....

KZကေ

Friday, August 28, 2009

ဂျီတောအလည်မောတယ်အပြောကြွယ်

ခုလေးတင်ပဲသူငယ်ချင်တယောက်နဲ့ဂျီကြရာမှာ
အောက်ကစကားပြောခန်းတွေကိုရပါတယ်
နာမည်ဖျက်တာကလွဲလို့ ဘာမှမပြုပြင်သလောက်ပါ
မထူးခြားပေမဲ့
ဂိုဂဲမှာသူများတွေကောဘာတော့ကြလဲသိချင်ရင်ဖြင့်
.......................................................................................

ဒါထက်
အင်း
ကျွန်တော့်ရဲ. နောက်ဆုံးပို.စ်ကိုဘယ်လိုသဘောရလဲဗျ
comment ရေထားတာဖတ်ပြီးပြီလား
ဟုတ်လား
ကျွန်တော်တော့ဘာComment မှဖတ်လို.မရပါလားဗျ
ဟေ
ခုလေးတင်Check လုပ်ကြည့်ထားတာ
ဟုတ်တယ်
ဘာမှကိုမတွေ.ရဘူး
Google လည်းဘာတွေဖြစ်နေပြီမသိပါဘူး
ဟာ ဘယ်လိုဖြစ်တာပါလိမ့်
တကယ်ပြောနေတာ
ဘာမှမတွေ.ရဘူးရယ်
ခုဝင်ကြည့်တယ် ဟုတ်တယ်မတွေ့ရဘူး
မသိပါဘူးဗျာ
၃ရက်လောက်ရှိပြီ သွားရော ရေးတုန်းကပေါ်တယ်
Sent at 10:43 PM on Friday
Comment ရေးတဲ့အချိန်တုန်းက နောင်ကြီးမူးနေတယ်ထင်ပါရဲ.
ဟဲဟဲ
မမူးဘူး
မသောက်ဖြစ်ဘူး ၂ပတ်လောက်ရှိပြီ
ကောင်းပါလေ့ဗျ
ကျွန်တော့်လက်ရာကို ဘယ်လိုသဘောရလဲဗျ
အင်းပြန်ရေးကြည့်ဦးမယ်
လုပ်ကြည့်ပါအုံး
ခုလည်းဘာကို ဘာသာပြန်ရင်ကောင်းမလဲလို.စဉ်းစားနေတယ်ဗျ
ပထမရေးတဲ့မုဒ လေးပြန်ခေါ်ရဦးမယ်
Raising a Child Costs Some $221,000 Before Colege
ဆိုတဲ့ Nancy Gibbs ရဲ. Essay လေးကိုဖတ်နေတယ်
ကောင်းတယ်
ပြန်ဖြစ်မယ်ထင်တယ်
ပိုကောင်းတယ်
Essay လေးက ချစ်စရာလေးဗျ
ဘာကိုကောင်းတယ်ပြောတာလဲ
ဖတ်ဖြစ်နေတာကိုပြောတာပါ
အော်...................
အေးဗျာ
Essay လေးတွေကို မြန်မာပြည်ထဲမှာထုတ်တဲ့
ဘယ်မဂ္ဂဇင်းကမှ ဆေးဖော်ကြောဖတ်မလုပ်ကြတော့ဘူးဗျာ
တော်တော်ကို စိတ်မကောင်းဘူး
နွယ်နီကထည့်မှာပါ
ဘုရားသခင်အသံဆိုသူတို့ထည့်မှာ
ကြည့်ရတာက စာဖတ်သူတွေကလည်းမဖတ်ကြတော့ဘူးထင်ပါရဲ.ဗျာ
Sent at 10:53 PM on Friday
Prisoner of the State ကိုလည်းကျွန်တော်ဖတ်နေတယ်ဗျ
ရေးထားတဲ့ပုံစံက Essay တွေလောက်မခက်ဖူးရယ်
အင်း
အက်ဆေးကပိုခက်တာပေါ့
ဟုတ်တယ်
သူက ရသ ကိုဂွင်အတိုလေးနဲ့လုပ်ရတာ
ဟုတ်ပါ့ဗျာ
Prisoner of the State က ရသ, မပါတော့နည်းနည်းပျင်းစရာကောင်းနေတယ်
ဟဲဟဲ
အရေးတော့ကြီးတဲ့ စာအုပ်တစ်အုပ်လို.တော့ကျွန်တော်တော့ထင်တယ်
လုပ်ပါဦး
ဟာ............နောင်ကြီးကလည်း
အရေးကြီးပြီလားဗျာ
တိန်အန်မင်ရင်ပြင်ဇာတ်လမ်းကနေစပြီးတည်ထားတာဗျ
အော်
ဘယ်သူကဘာဆိုတာတွေနဲ.
အဲ
အဲဒီအချိန်ကအခင်းအကျင်းတွေအရ၏
ဘယ်သူတွေကလှုပ်ရှားသွားလဲဆိုတာကို သိနိုင်တယ်
ဒါကလောလောဆယ်ကျွန်တော်ဖတ်ပြီးသမျှကို ပြောပြတာ
နောက်ထပ်အများကြီးလာအုံးမယ်
Sent at 11:01 PM on Friday
မ,အအောင်လို.သမိုင်းသင်ရတယ်ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ.
အလိုအရဆိုရင်တော့ အဲဒီစာအုပ်ဟာ ဘာသာပြန်ရမည့်ထဲမှာပါတယ်
ဒါပေမယ့်ဗျာ...............
ပြန်သင့်တာပေါ့
တရုတ်အကြောင်းမှမသိရင်
ဘယ်လိုလုပ်ကြမလဲ
အ,တော့လည်းဘာဖြစ်သလဲလို.တွေးမိပြန်တော့လည်း
ဘာမှလုပ်နေဖို.မလိုဘူးဖြစ်သွားပြန်ရော ဟဲဟဲ
ဟုတ်ပြန်တာပါပဲ
ပြောချင်တာကဗျာ
အတော့တချို့နေရာဟန်တောင်ကြသေး
ကျွန်တော်သိပ်ပြီးဝေခွဲလို.မရသေးဘူးလို.ဆိုချင်တာပါ
ဘာသာပြန်ရမလားပေါ့လေ
သဘောပါကိုယ့်ဆရာရယ်
ဟဲဟဲ
လောလောဆယ်တော့ဆက်ပြီးဖတ်ကြည့်ပါအုံးမယ်ဗျယ
ဗျာ
နောက်မှ စိတ်ကူးပေါ်ရင်ပြန်တာပေါ့
ကောင်းပါလေ့ဗျာ
ကြားထဲမှာတစ်ယောက်ယောက်ကဘာသာပြန်သွားတော့လည်း
ကိုယ်ကဘာမှလုပ်ဖို.မလိုတော့ဘူးပေါ့
ဒီမိုကရေစီလိုပေါ့လေ
ကျွန်တော်ကတော့တစ်ယောက်ယောက်ကဘာသာပြန်ပါစေလို.ပဲဆုတောင်းနေတာဘဲဗျ
ဘယ်သူမှမပြန်ရင်ကိုယ်ပြန်နေရမှာလေဗျာ
အများစုဒီလိုပဲလေ သူ့ဘာသာတခု၂ဖြစ်ပြီး
ဒီမိုကရေစီလိုချင်တာကလား ဟဲ၂
ကျွန်တော်တကယ်ပြောနေတာရယ်
ခုဟာကကျွန်တော်ကစောင့်ကြည့်နေတာ
ဟုတ်ပါတယ်
အင်းးးးးးးးးးး
ကြည့်သေးတာပေါ့လေဗျာ
နောင်ကြီးကောခုဘာတွေဖတ်နေလဲဗျ
သဘောပေါက်သွားတော့ဘာမှမဖတ်တော့ဘူး
ဟီး၂
ဟဲဟဲ
ကောင်းပါလေ့ဗျာ ဖြစ်သင့်တာကြာပြီ
ကိုယ့်တုန်းကသူများနှပ်တာခံခဲ့ရတော့
ခုဘလော့လေးရေးပြီး လက်သွေးနေတာပ
လုပ်ပါအုံး ဟုတ်ပါ့ဗျာ
ဖတ်တဲ့လူတော့မသိဘူးဗျို.
နောက်နှစ်လောက်ဆို သီအိုရီတွေလာခဲ့
မိုးတွင်းစီးဖိနပ်တွေလို
ကျွန်တော်တော့ ဘာသာပြန်ရတာကို တော်တော်လေးလက်တွေ.လာပြီ
ပေါပေါပဲပဲလုပ်လိုက်ဦးမယ်

KZကေ

Sunday, August 23, 2009

အရောအနှောများ

ကျနော်တခုခုလည်းရေးချင်တယ်။
ဘာရေးရမှန်းလည်းသေချာမသိဘူး။
ဒါနဲ့ အကြမ်းသိမ်းထားတာတွေပြန်ဖတ်ကြည့်တယ်။
တခုချင်းစီကိုပြည့်သွားအောင်ဖြည့်နိုင်မယ်လည်းမထင်
ဒါနဲ့တခုချင်းဆီကနဲနဲချင်းဆက်ကြည့်ရင်တခုဖြစ်မလားပေါ့
မရေမရာတွေးမိရာက.....
ခုလိုအရောအနှောများကိုတင်ဆက်မိတာပါ။

..................................................................

အားပါတယ်။ ငါးကန်ရေလဲဖို့ပဲရှိတယ် ။ ကောင်းတယ် ညနေစာ အင်း။
ရေကူးကန်နားကဆိုင်။ အိုကေ။ ဘိုင့်ဘိုင်
အလုပ်ကခုလိုပဲနောက်ကျလား
ပြောရရင်တော့နဲနဲရှည်မယ်ဗျ။ တိုတိုပြောရင်တော့နောက်ကျတဲ့ခါကျတာပဲ
ဒါတောင်.....
ကျနော်လည်းဆက်မပြောဖြစ်တော့ဘူး
နောက်တက်လာတာ၂ယောက်တည်းပါ။ဆင်းသူမရှိဘူး။
ဆက်လို့မရတာကနောက်တက်လာတဲ့၂ယောက်က
ရှေ့ကအမျိုးသမီးဘေးနားမှာလာရပ်တယ်။ ပြီးတော့တခုခုပြောတယ်။
မသဲကွဲဘူး။ ရထားကပြန်ထွက်လို့ဆူတဲ့အသံနဲ့တထပ်တည်းလိုဖြစ်နေတာမို့။

တီးလုံးချည်းသက်သက်
ကိုယ့်ကိုနှိပ်စက်ဖို့
ဝါခေါင်မိုးရေသွင်သွင်စီး။

ကျနော်ရောက်သွားတော့ ၆၅မိနစ်ရှိနေပါပြီ
နှစ်ဘက်စလုံးဇီးဇီးပါ
ရိုင်ယန်ဂစ်ကစည်းစပ်မှာနောက်ပြန်လှည့်တယ်။

Water please I said then. It was a bit windy day with a brief fall of rain. A hard striking sound mixed with shouting in local dialect sometimes drifted from a nearby work site. Well, a small world is moving with the whole one, in a harmonious fashion? An answer after a philosophical phrase has to expect yet. Who knows!

ဂျော်နီအပေါင်းအသင်းမက်တယ်
ဂျော်နီဘောလုံးပွဲကြည့်တယ်
ဂျော်နီရေချိုးပြီးရင် နေ၀င်ဖျိုးဖျမှာ
ဂျော်နီလမ်းလျှောက်တယ်
ဂျော်နီအသည်းကွဲတယ်
ဂျော်နီဘွဲ့ရတယ်
ဂေါက်ရိုက်တယ်ဂျော်နီ
ဂျော်နီဟာ၁၉ကျင်းကိုနီးတယ်
အရောင်စုံလင်ဂျော်နီ
အရောအနှောဂျော်နီ
ဂျော်နီအတုရှိတယ်။
ဂျော်နီမျက်နှာပွင့်တယ်
ဂျော်နီဟာလူမျိုးမရွေးဘာသာမရွေးနိုင်ငံခြားသား
အေးစက်စက်ဂျော်နီချွေးပြန်
ဂျော်နီညမှာပျော်တယ်
မီးရောင်တွေဂျော်နီ့ခေါင်းပေါ်ပြေးတော့
ဂျော်နီတ၀က်ကျိုးပြီ
စီးကရက်မီးခိုးတွေ
လွတ်လပ်မှု လူ့အခွင့်အရေး နဲ့ ခေတ်မှီမှုတွေ
ဂျော်နီဒါတွေကိုမတွေးဘူး
မီးရောင်တွေဂျော်နီ့ခေါင်းပေါ်ပြေးတော့
ဂျော်နီအတုရှိတယ်။
ဂျော်နီရေချိုးပြီးရင် နေ၀င်ဖျိုးဖျမှာ
....................
...................
ဂျော်နီ......................................
......................................

KZကေ

Thursday, August 20, 2009

ဖြတ်စများ

ဒီနေ့ကဗျာတွေပြန်စစ်မိတော့
ဖြတ်စများကိုမတင်ရသေးတာသတိထားမိတယ်
မူရင်းဖြစ်စများသာမတင်ရသေးတာ
သူ့ကိုမှီးပြီးပေးတဲ့ ဖြတ်စများ ၁ ၂ ၃ တွေကရှိနေပြန်ရော
မတရားဘူးထင်တာနဲ့ပဲ.........
.............................................................
ဖြတ်စများ

မင်းနားမလည်တဲ့နေရောင်ခြည်ကငါ့ခေါင်းကိုနင်းတယ်
ပြီးတော့ ထခုန်တယ်
ပညာရှိများလူလားမြောက်တယ် နည်းစံနစ်များနောက်ယောင်ခံတယ်
မီးအတုလောင်တယ်
အောင်မြင်မှုကနိုင်ငံခြားစီးကရက်လိုအနံ့ပြင်းတယ်
လေထုကအရပ်ပုတယ် ရာသီဥတုကဒေါင်းယောင်ဆောင်တယ်
အတွေးအခေါ်မှာအပေါက်တွေနဲ့ပိလို့
ရန်ကုန်မြို့ထဲလမ်းလျှောက်ထွက်မိ
တသွင်သွင်စီးဆင်းနေသောနေ့များပေါ်၌မော်တော်ကားတို့တရွေ့ရွေ့။

KZကေ