ဆာဒါ၏ရယ်စရာများ
ဘော့စ် မင်းဘယ်မှာမွေးတာလဲ
ဆာဒါ အိန္ဒိယမှာပါ
ဘော့စ် ဘယ်အပိုင်းလဲကွ
ဆာဒါ ဘယ်အပိုင်း? တကိုယ်လုံးအိန္ဒိယမှာပဲမွေးတာပေါ့
ဆာဒါ မင်းကားနာမည်ကဘာလဲ
ဘော်ဒါ မေ့သွားပြီဟ။ တီနဲ့တော့စတာပဲ
ဆာဒါ တီး။ တယ်ဟုတ်ပါလား။ ငါသိသမျှတခြားကားတွေတော့ petro နဲ့နှိုးရတာ
ပြတိုက်စောင့် ခင်ဗျားကြောင့်ကျိုးသွားတာနှစ် ၁၅၀ လောက်ကရုပ်တုဗျ
ဆာဒါ တော်ပါသေးရဲ့။ အသစ်ကြီးထင်လို့
ဆာဒါ ရှင်ပစ္စည်းလိမ်ရောင်းတယ်
ဆိုင်ရှင် ဒါအကောင်းစားရေဒီယိုပါဗျာ
ဆာဒါ တံဆိပ်ကပ်ထားတာတော့ made in japan ပဲ။ လာတော့ all India radio လို့ပြောနေတယ်
အင်တာဗျုးမေးသူ လျှပ်စစ်မော်တာဘယ်လိုလည်သလဲသိလား
ဆာဒါ ဒတ် ဒူ ဒူ ဒါ ဒါ ဒါ ဒါ ဒါ ဒါ………..
အင်တာဗျူးမေးသူ ရပြီ ရပြီ ရပ်ပါတော့
ဆာဒါ ဒါ ဒါ ဒူ ဒူ ဒတ် ဒတ်
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Friday, April 3, 2009
Sunday, March 15, 2009
ရွှင်ပြုံး
ဒီနေ့မေးတွေစစ်ပြီးဖျက်သင့်တာဖျက် သိမ်းသင့်တာသိမ်း ပြန်သင့်တာပြန် တွေလုပ်ရင်း
သူငယ်ချင်းတယောက်ပို့ထားတဲ့ ဟာသလေးတွေထဲကကောင်းမယ်ထင်တာတွေ မဖျက်ခင်
ဘာသာပြန်မိတယ် ခုဒါကိုဝေမျှတာပါ
မိန်းမ။ ။ယောင်္ကျားတွေများတခုခုပြောလိုက်။နားတဖက်က၀င်ပြီးတဖက်ကပြန်ထွက်လာ
တာပဲ
ယောင်္ကျား။ ။မိန်းမတွေကျတမျိုးကွ။ ပြောလိုက်ရင်နား၂ဘက်စလုံးက၀င်သွားပြီးပါးစပ်က
ပြန်ထွက်လာရော
ကောင်မလေး။ ။ကိုသက်ကပြောတော့ငါ့ကိုချောတယ်တဲ့။ ဖိုးချိုကတော့ရုပ်ဆိုးလိုက်တာတဲ့
နင်ကောဘယ်လိုထင်လဲ
ကောင်လေး။ ။အင်း၂မျိုးလုံးနဲနဲစီမှန်တာပဲ။ နင်က ချောချောမောမောကိုရုပ်ဆိုးတာ
ဆရာ။ ။သူမျာစိတ်မ၀င်စားတဲ့အထိစကားတွေပြောနေတာဘယ်လိုလူမျိုးလို့ထင်လဲ
တပည့်။ ။ကျောင်းဆရာပါ
ဆရာ။ ။မောင်လှ မင်းစကားများလှချည်လား
မောင်လှ။ ။မျိုရိုးလိုက်တာပါဆရာမ
ဆရာ။ ။ဘာပြောတယ်
မောင်လှ။ ။အဖိုးကလမ်းဘေးဈေးသည်။ အဖေကကျောင်းဆရာပါ
ဆရာ။ ။မင်းအမေကကော
မောင်လှ။ ။သူကမိန်းမပါ
လူနာ။ ။ဆရာ ကျနော့်အခြေအနေကောင်းမယ်မလား
ဆရာဝန်။ ။ရာနှုန်းပြည့်ကောင်းစေရမယ်။ မှတ်တမ်းတွေအရဆိုရင်ဒီရောဂါက
ဆယ်ယောက်မှာကိုးယောက်တော့သွားတာပဲ။
ကျုပ်အတွက်ဒါ၁၀ယောက်မြောက်။ မပူနဲ့ ရှေ့ကကိုးယောက်သွားပြီ
ဆရာ။ ။ဂျော့ဝါရှင်တန်ဟာသူ့အဖေရဲ့ချယ်ရီပင်ကိုခုတ်ပြီးသူခုတ်မိတာဝန်ခံခဲ့တယ်
သူ့အဖေကဘာလို့အပြစ်မပေးတာလည်းသိလား
တပည့်။ ။ဂျော့လက်ထဲမှာပုဆိန်ကိုင်ထားတုန်းပဲလေ
ဘလော့ဖတ်သူ။ ။ခင်ဗျားကဟာသတွေကောရေးလား
ဘလော့ဂါ။ ။မင်းဘလော့ကရယ်ရသားပဲပြောရင်ဟာသတွေကြောင့်လို့ဖြေလို့ရတာပေါ့

Subscribe to:
Posts (Atom)