ကဗျာဖတ်ရင်းကခနရပ်ပြီးကျနော်စဉ်းစားမိတယ်။
ကျနော့်အတွက်တော့မနှစ်ကတနှစ်လုံးအရသာအရှိဆုံးက မနက်ဖြန်အတွက်ပူပန်စရာမလိုပဲ
အိပ်ရတာပါ။ နိုးစက်သံမကြားရပဲနိုးထလာရတာပါ။
ရုံးသမားတွေကရုံးချိန်မှီဖို့ ကျောင်းသမားတွေကကျောင်းချိန်မှီဖို့
ကျနော်တို့ဟာ စာတွေ အပန်းတကြီးသင်ပြီး အပျော်တမ်းပညာတတ်တွေဖြစ်လာကြတယ်။
ပြီးခဲ့တဲ့အဖွဲ့ဟာ သမရိုးကျမဟုတ်ဘူးလို့ကျနော်ဆိုခဲ့တာကကဗျာဆရာရဲ့အရသာကြောင့်ပါ။
ဘာတဲ့၊ စေတီပေါ်စကားအဟောင်းတွေမပြောမိခဲ့ခြင်းပဲ ဆိုပါလား။
စေတီပေါ်ကျနော်တို့ပြောနေကြစကားတွေကဘာများဖြစ်လေမလဲ။
ခပ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာလား အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါးလား
တရားနဲ့စကားကြားကစည်းကို ကဗျာဆရာဟာမရည်ရွယ်ပဲ (တမင်သက်သက်)ဖျော့ကြည့်ထားခဲ့သလား
"လမ်းခုလတ်
မြို့ရဲ့ခေါ်သံကငါ့အဓိပ္ပါယ်ကိုဖွင့်ဆိုမှုလွဲခဲ့
လွဲခဲ့ခြင်းတွေကမိုးပျံပူပေါင်းတလုံးလိုထောင်တက်ခဲ့"
အတိတ်ကိုဆင်ခြင်မိသူကဗျာဆရာဟာပစ္စုပ်ပ္ပန်ထဲဘယ်ပုံပြန်ဝင်လာသလဲဆက်ကြည့်ကြရအောင်ပါ။
KZကေ
No comments:
Post a Comment