Sunday, March 1, 2009

နေ့များ။ ရောင်းရန်ရှိသည် ၂

တနေ့မှာ Fredric Jameson (အမေရီကန်မတ်ဝါဒီလက်သစ်စာပေအနုပညာဝေဖန်ရေးဆရာ) ရဲ့ The postmodernism or the cultural logic of late capitalism စာအုပ်ရဲ့တနေရာမှာ China ဆိုတဲ့ကဗျာတပုဒ်ကိုဖတ်ရတယ်။

We live third world from the sun, number three, nobody tells us what to do.
The people who taught us to count are being very kind.
It is always time to leave.
………………….
………………….
……………………..
Run in front of your shadow.
A sister who points to the sky once a decade is a good sister.
The landscape is motorized.
The train takes you where it goes
Bridges among water
……………….
………………
……………..
Go to sleep.
You look great in shorts. And the flag looks great too.
Everyone enjoyed the explosions.
Time to wake up.
But better get used to dreams.

ရေးသူ အမေရိကန်LP (Language Poetry) ကဗျာဆရာ Bob Perelman ပါ။
ဝေဖန်ရေးဆရာက အဆက်အစပ်မဲ့တဲ့ဝါကျတွေနဲ့တည်ထားတာဖြစ်လို့အားလုံးသဘောညီ
အဓိပ္ပါယ်တခုရဖို့မဖြစ်နိုင်သော်လည်း ဒါဟာ စူးစမ်းချင်စရာ ထိမ်ဝှက်ဖွဲ့ဆိုထားတဲ့ နိုင်ငံရေးကဗျာတပုဒ်အဖြစ်မြင်ခဲ့ပါတယ်။
တရုတ်ပြည်သစ်ရဲ့မပြီးဆုံးသေးတဲ့ လူမှုရေးစမ်းသတ်ချက်တွေ မမျှော်လင့်ပဲ ဆူပါပါဝါနှစ်ခုကြားကပေါ်ထွက်လာမှု။
မြေပိုင်ရှင်စံနစ်နဲ့ အင်ပိုင်ယာစံနစ်မှာ နှစ်များစွာကြာခဲ့ပြီးပထမဆုံးထွက်လာတဲ့ Collective destiny
နဲ့ ကိုယ်ပိုင်အသံကိုဖွဲ့ခဲ့တယ်။
သို့သော် ကဗျာရဲ့ညီညွတ်စည်းလုံးမှု (Unity, ဒီမှာတော့ အဓိပ္ပါယ် လို့သဘောယူလည်းရနိုင်ကောင်းမယ်) ဟာဘာသာစကားရဲ့ဘောင်ထဲမှာမရှိတော့ပဲအပြင်ကိုထွက်လာခဲ့တယ်လို့လည်းဆိုပါသေးတယ်။
ကျနော်ကတော့ ဘာကြောင့်မှန်းမသိ လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးက ဆိုနေကျသီချင်းကို
ဖျတ်ခနဲသတိရလိုက်တာကတော့အခြား နိုးကြားမှုတခုပဲဖြစ်ပေလိမ့်။

ဆက်ဦးမယ်

3 comments:

  1. medium တစ်ခုကို အသုံးပြု၍ အနုပညာ တစ်ရပ်ကို ဖန်တီးနေသရွေ. ထိုmedium ၏ ကန်.သတ်မှုကို အနည်းနှင့် အများတော့ ခံနေရမည်သာ ။ စာဖတ်သူ၏ အားထုတ်မှုကို လိုချင်၍ ဖန်တီးလိုက်သော အနုပညာ၏ ပုံသဏ္ဍာန်ကို ပုံမှန်သမားရိုးကျ အစဉ်အလာ စည်းဘောင်များမှ ခွဲထွက်သည်ဟု ဆိုပါလျှင် စာပေအဖွဲ.အနွဲ.ဖြင့် ဖန်တီးသော အနုပညာရပ်သည် အစဉ်အလာသတ်မှတ်ထားသော ဖွဲ.ထုံးဘောင်မှဖောက်ထွက်ဖို. အခက်ဆုံးဖြစ်မည် ၊ စာဖတ်သူ၏ စိတ်ဝင်စားမှုကို စွဲဆောင်မှု အနည်းဆုံးဖြစ်မည်ဟု ထင်မြင်မိပါသည် ။

    ReplyDelete
  2. ဆိုလိုသည်မှာ "စာပေအနုပညာ"သည် visualize ဖြစ်ဖို. အခက်ဆုံးဖြစ်ပါသည် ။ ပန်းချီ ၊ ရုပ်ရှင် စသည်တို.တွင်ရှိနေသည့် visualization effect တို. စာပေအနုပညာတွင် မရှိနေပါ။ ထို.ကြောင့် အစဉ်အလာဖွဲ.ထုံးများမှ ဖောက်ထွက်သော်လည်း visual effect မရှိသောကြောင့် စာဖတ်သူအနေဖြင့် စိတ်ဝင်စားမှုအနည်းဆုံးဖြစ်မည်ဟု ယူဆခြင်းဖြစ်ပါသည် ။ ယခုဆွေးနွေးမှုများသည် မိမိ၏ယူဆချက်များ သက်သက်မျှသာ ဖြစ်ပါသည် ။ ဝေဖန်ရေးကို မလေ့လာဖူးပါ ။ ငြီးငွေ.ဖွယ် ဘာသာရပ်တစ်ခုအဖြစ် ထင်မြင်သောကြောင့် မလေ့လာမိခြင်းလည်းဖြစ်နိုင်ပါသည် ။
    စဉ်းစားမိသော အချက်များ ရှိနေသေးသော်လည်း အဆုံးထိစဉ်းစားရမှာပျင်းရိသော မိမိ၏ အကျင့်ဆိုးလေး ပျောက်သွားမှာ စိုးသောကြောင့် ဤမျှနှင့်သာ ရပ်နားပါမည် ။

    (မှတ်ချက် ။ ။ လေပေါတာ....လေပေါနေတာ ။ ဟဲဟဲ)

    ReplyDelete
  3. ခုလိုဆွေးနွေးတာကျေးဇူးတင်ပါသည်။
    အချိန်ပေးပြီးတခုခုပြန်ရေးပါမည်။
    သတ်သတ်ပို့စ်တင်ပြီးရေးရင်လည်းရေးပါမည်။
    (မှတ်ချက်။ ချောမေ....လောပေ.....ဘာဖြစ်လည်းဗျာ....ကိုယ့်ဘာသာလေပေါတာ)

    ReplyDelete