Sunday, March 8, 2009

ဖြတ်စများ ၎

ကိုတီတီအောင်

ပိုက်ဆံတွေပျက်ပဟလို့ကျနော်ပြောတုံးကခင်ဗျားကမထိတ်သာမလန့်သာဗျာလို့ပြောခဲ့တယ်နော်။ ပြောရရင် စီးပွားရေးဆိုတာကျနော်တို့နဲ့အလှမ်းဝေးလွန်းလှပါတယ်။ စီးပွားရေးပြသနာတွေကုစားဖို့ကဝေးလို့ အခြေခံတွေ နားလည်ဖို့ကိုမနဲဖတ်ကြည့်ရတာကလား။ အခန့်သင့်ချင်တော့ကျနော်တို့ဖတ်ဖြစ်တဲ့NWT/ IHT က ပေါကရပ်မင်ကြီးက စီးပွာရေးနိုဘယ်၂၀၀၈ ကိုရတယ်။ သူလတ်တလောရေးတဲ့ THE RETURN OF DEPRESSION ECONOMICS AND THE CRISIS OF 2008 ကိုဖတ်ဖြစ်တော့ ခင်ဗျားကိုကျနော်သိသလောက် လေးပြောချင်လာတယ်။ နဲနဲသည်းခံကြည့်ဗျာ။

နိဒါန်း

ခုထိတော့ကျနော်တို့စီးပွားပျက်ကပ်ထဲရောက်နေကြတာမဟုတ်ဘူးဗျ။ လောလောဆည် အကျပ်အတည်းကကြီးတယ်ဆိုတဲ့တိုင်အောင် ပျက်ကပ်ထဲရောက်တဲ့အထိတော့ဆိုးမသွားနိုင်ဘူးလို့ (အာမမခံဘဲ) ကရပ်မင်ကြီးကပြောတယ်။ ဒါပေသည့် ၁၉၃၀နှစ်တွေကပျက်ကပ်စီးပွားရေးရဲ့ အရိပ်အရောင်တွေ ကိုတော့တွေ့နေရပါပြီတဲ့။ ဒီနေ့ခေတ်နိုင်ငံတွေဟာဆိုးဆိုးဝါးဝါး စီးပွားရေးကျဆင်းမှုတွေနဲ့ကြုံရမယ်။ ထိပ်တန်းရောက်ခေတ်မှီနိုင်ငံကြီးတွေဟာစက်ရုံတွေ ဆက်လည် ပတ်ဖို့အလုပ်သမားတွေကို ဆက်ထိန်းထားဖို့ လုံလောက် တဲ့ငွေကြေးမရှိဘူးလို့ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကဘယ်သူတွေးမိမှာလဲ။ကမ္ဘာ့စီးပွားရေးဟာ ကျွန်တော်တို့ထင်ထားခဲ့တာထက်ပိုပြီး အန္တရယ် ကြီးတဲ့အနေအထားကိုရောက်နေပါပြီ။ဘာလို့ဒီလောက်ထိ ဆိုးဝါးသွားတာလဲထက်ပိုအရေးပါလာတာ ကဒီအကျပ်အတည်းကနေဘယ်လိုထွက်ကြမလဲနဲ့ဘာတွေပြင်ဆင် ထားဖို့ကောင်းမလဲသိရရင်မဆိုးဘူးလားလို့ပဲ။

ပျက်ကပ်စီးပွားရေးဆိုတာဘာလဲ

ပျက်ကပ်စီးပွားရေးပြန်လာပြီဆိုတာဘာအဓိပ္ပါယ်လဲ။ ပြီးခဲ့တဲ့မျိုးဆက်၂ခုအတွင်းပထမဆုံးအကြိမ်အဖြစ် DEMAND SIDE ECONOMY ကျဆုံးသွားတာပါ။ ထုတ်သလောက်မဖြုန်းနိုင်ကြတော့ဘူးဆိုတဲ့သဘောပေါ့။ စားသောက်ဆိုင်ကရေခဲသေတ္တာထဲဘီယာပုလင်းတွေချွေးပြန်နေတဲ့ပုံဆို ခင်ဗျားဒက်ကနဲသဘောပေါက်မှာပါ။ ဒီကိစ္စကစီးပွားရေး ပညာရှင်ကြီး တွေမှမဟုတ်ဘူး။ ပေါ်လစီမိတ်ကာတွေ ခင်ဗျားတို့လိုပညာတတ်ပြည်သူလူထု တွေအထိဘယ်သူမှ အဆင်သင့် မဖြစ်ကြသေးပါဘူး။
ခင်ဗျားမှတ်မိမှာပါ။ တခါကအိမ်မြေအကျိုးဆောင်တယောက်နဲ့အိမ်ခန်းကိစ္စခင်ဗျားတို့ပြောကြတော့သူ ပြောတဲ့စကားလေ။ ဈေးနှုန်းကိုဘယ်သူကသတ်မှတ်လို့ရသလဲ။ ဈေးကွက်ကသတ်မှတ်တယ်ဆိုတာလေ။ ဈေးကွက်နဲ့ဈေးနှုန်းဆိုတာကလည်းဘာမို့လို့လဲ။ ၀ယ်လိုအားနဲ့ရောင်းလိုအားပဲမဟုတ်ဘူးလား။ ဒါကျနော်က လူပြိန်းနားလည်သလိုပြောတာပါ။ သို့ပေမဲ့ အခြေခံအားဖြင့် ပညာရှင်တွေကြားထဲလည်းဒီကိစ္စပဲငြင်းခုံကြတာပါ။ Supply side economics နဲ့ Demand side economics ပေါ့။
စီးပွာရေးအခြေအနေတွေမကောင်းဘူး အလုပ်လက်မဲ့နှုန်းတွေမြင့်နေတဲ့အချိန်မှာ လုပ်ခတွေနည်းမယ် ဝယ်လိုအားကျမယ် ဒါဘာဆန်းသလဲ။ သူနဲ့အတူတွဲပြီး ဈေးနှုန်းတွေပါကျလာရင်ဘာပြောစရာရှိမလဲ။ ခင်ဗျား တလ ၂၀၀၀ ရနေရာကနေ ၁၈၀၀ ဖြစ်ဦးတော့ ဆန်ဈေးက တအိတ်နှစ်သောင်းကနေ ၁သောင်းခွဲဖြစ်လာရင် ဘာအရေးလဲ။ ၀ယ်လိုအားပြန်လာမယ် ထုတ်လုပ်မှုလိုမယ် လုပ်ငန်းတွေပြန်ရှိလာမယ် (အလုပ်လက်မဲ့ နှုန်းကျ သွားမယ်) မဟုတ်ဘူးလား။ သို့ပေမဲ့စီးပွားရေးကျလို့ ၀ယ်လိုအားကျတိုင်း ဈေးကျတယ် ဆိုတာလက်တွေ့မှာ ချက်ခြင်းဖြစ်တာမှမဟုတ်တာ။

No comments:

Post a Comment