Friday, March 6, 2009

မွေးနေ့ကိတ်

ဗြူတီ မှာ၂၀၀၃ တုန်းကပါဘူးတဲ့ကဗျာတပုဒ်တင်လိုက်တယ်
မွေးနေ့ကဇန်န၀ါရီ ဘလော့ကတလနောက်ကျမှလုပ်တော့
မွေးလစောင့်မယ်ဆိုဒီကဗျာတင်ဖို့ရာအတော်ကြာသွားမှာ။ ဒါနဲ့ပဲ

...........
သင်ဟာကိတ်မုန့်ရဲ့ဘယ်အစိတ်အပိုင်းဖြစ်ခဲ့သလဲ
ရထားထွက်ပြီးမိနစ်အနည်းငယ်အကြာ
ရှုခင်း ကောမြေနှင့်
ယနေ့ခေတ်မစားတော့သောဆင်ခြင်တုံတရားကို
ကွဲပြားရတယ်။
ပြူတင်းပေါက်များချိတ်ဆက်ပြောင်းလဲရာ
ပန်းပွင့်ပေါ်ရေစက်တင်တာ
ဖန်ခွက်မှန်ချပ်နှလုံးသားအစရှိသည်ဖြင့်
ကွဲရှလွယ်သောအရာဝထ္ထုတခုလွတ်ကျသံ
ငှက်များရုတ်တရက်အတောင်လန့်ခတ်ထပျံ။
လောကမြင်ကွင်းကျယ်ဆေးရောင်စုံပုံ
မဆန်းကျယ်လှတော့
ရေပိုက်ဖွင့်သလို ဇစ်ပိတ်သလို
ယခုအဖြစ်နှင့် ယခုအပျက်အကြား
အလင်းရောင်နှင့် ပူလောင်မှုနှင့်
ရှေ့ကဖယောင်းမီးကိုငါငြိမ်းပြီ။

KZကေ

No comments:

Post a Comment