Sunday, March 1, 2009

နေ့များ။ ရောင်းရန်ရှိသည် ၃

အလုပ်သမားခံစားမှုအဖွဲ့။ လတ်တလောလုပ်ငန်းခွင်အခက်အခဲတွေ။ အစွဲအလမ်း။
လျှင်လျှင်သစ်ပင်များမြန်မြန်ဆိုတဲ့စကားလုံးဟာThe landscape is motorized ရဲ့ပယောဂများလား။ ကဗျာနှစ်ပုဒ်ပေါ်ရဲ့အဆက်အစပ်နဲ့ညွှတ်ချက်တွေ။

ကဗျာကိုခံစားနိုင်တာဥါဏ်ပညာကြီးရင့်လို့မဟုတ်ပါဘူးတဲ့ ပလေတိုးက
နွေလယ်နေရဲ့ မြို့ကြီးတွေဟာ မင်းမပါလည်းပျင်းစရာမဟုတ် ဆိုတဲ့ R&B သီချင်းတပုဒ်နဲ့
ဂျိမ်းဆင် ကလက်ဝဲကိုသစ်စေချင် ပဲလ်မင်းကဘာသာစကားကိုသစ်စေချင်
The train takes you where it goes ပေါ့။ ဘာဖြစ်သေးလဲ ။
ကျနော်ဟာဟောင်းလာတဲ့စနေနေ့တနေ့ ညရထားရဲ့စတီးလက်ကိုင်ကွင်းကိုတင်းတင်းဆုပ်ပြီး
ရောင်းစားလို့ရတယ်ဆိုပေမဲ့ ဘ၀ကိုဒါးစက်ပြန်သချင်သူ အထည်ချုပ်သမလေးရဲ့နေ့တွေ ချုပ်ရိုးချုပ်သားဖြောင့်တန်းပါစေ ရုတ်တရက်များ စိတ်ကူးခဲ့မိလေသလား။
.........................

နေ့များ။ရောင်းရန်ရှိသည်


မားမားကရိန်းကြီးမတ်မတ်ခေါင်းငိုက်စိုက်
သွေးသံဂဟေချောင်းတရဲရဲငြိမ်ပြီ
စိန်ပန်းအလုပ်ကြမ်းအုတ်ခဲနီနီအထပ်လိုက်
နားနားသူဋ္ဌေးသားနေနေဘိလပ်မြေ
တည်ဆောက်ပြုပြင်အလုပ်သမားအသားညှပ်ပေါင်မုန့်စား
မိုးတိုးတိုက်တို့မတ်တတ်ကျန်ခဲ့
လျှင်လျှင်သစ်ပင်များမြန်မြန်
ပြေးတမ်းညအမှောင်မီးရောင်ကိုလိုက်တမ်း
ဆော့ငါတို့ဟာနေ့တွေနဲ့ကစား
ချစ်ခြင်းကမ္ဘာကြီးမေတ္တာသည်ပင်ဆာလောင်အိမ်အပြန်တောင့်တနေ။


KZကေ

No comments:

Post a Comment