Thursday, February 7, 2013

ပန်းနီနီမပေးနဲ့ကွယ် မပန်ချင်ဘူး



အပေါ်ကြယ်သီး နှစ်လုံးဖြုတ်ထားသော ခမ်းနားသော မဟာအောက်တိုဘာ တော်လှန်ရေးအခါသမယဖြစ်ပေသည်
မစွဲလန်းလိုလျှင် အဆိုပါ အမှတ်အသားကိုဖျောက်ဖျက် ယုံသာ
ခန္ဓာကိုယ်ချည်းသက်သက်ကပဲ တပ်မက်စရာအတိဖြစ်တယ် အရောအနှောမလိုဘူး 
ဇာနားကွပ်အတွင်းခံ နဲ့ တက်တူးရုပ်တွေဟာ သမိုင်းကိုလှောင်ပြောင်တယ် ကွန်ဆာဗေးတစ်တွေကိုဖျတ်ဖျတ်လူးအောင်အေးနေတဲ့ ဇိမ်ခံမီးရထားတွေထဲမှာ ချွေးပြန်စေတယ် 

ကျနော် ဈေးသို့သွားသည်။
ကြာပန်းများရောင်စုံရောင်းချနေသည်ကိုတွေ့ခဲ့ရပေသည်။
အဆိုဖော်ပြချက်နှစ်ခုတွင် (၀ါကျနှစ်ကြောင်းတွင်)  ကြာပန်းများသည် ကျနော်သွားခဲ့သောဈေးတွင် တွေ့ခဲ့သောကြာပန်းများဟုဆိုလိုပေသည်။

ဒီဇိုင်းဆရာတွေဟာ လူသားအဆောက်အဦတွေရဲ့အာခီတက်တွေဖြစ်တယ် 
ဆန့်ကျင်ဘက်တွေကို နားလည်ကြတယ် စိတ်ဝင်စားစရာဧရိယာတွေရှိမယ် 
ကြည်မြပီသတဲ့ ဇီဝဗေဒမှာ လူဟာ လူကို ဒီအကောင်အထည်ကြီးအတိုင်း တွေးတောကြတယ်။ လိုအပ်တယ်။
ဒီခန္ဓာကိုယ်ချည်းဟာ စက်ဆုပ်စရာအတိပဲလို့ဆိုလာတော့ နေ့စဉ်လူမှုဘ၀နဲ့တိမ်းစောင်းရတော့တယ်။ 

တစုံတယောက်မှ ကြာပန်းများရောင်စုံရောင်းချနေသည် ဆိုသည့် ဖော်ပြချက်အား အခြားဆက်သွယ်မှုများမပါပဲ ကျနော် ဈေးသို့သွားသည်မပါပဲ ဖော်ပြ အနက်ဖွင့်လျှင် လိုရင်းနှင့်နီးစပ် နိုင်ရန်မလွယ်ကူပါ။
အခန်းတွင်း အလင်းရောင်များပိုလာစေရန်အလို့ငှာ နံရံကိုအနက်ရောင်သုတ်ခဲ့သည်

ငါတို့ဟာ လက်တွေ့အရှိတရား ကနေခွဲထွက်ဖို့ကြိုးစားနေကြတာလား ဒါမှမဟုတ် လောကထဲက ခက်ခဲနက်နဲတဲ့အရှိတရား တွေကို မမြင်နိုင်ကြတာများလားပေါ့ 

ပူဇော်လိုသူပွင့်သော ပန်းများအရှာ ကိုယ့်မှာမြင့်သောရေကိုမမြင် တင့်သောကြာပန်းများသာမြင်ခဲ့
ပိတုန်းမှင်ရောင်လူး မယ့်ကေသာဦး ပန်ချင်ပါဘူးကွဲ့ ချစ်ဦးသူနဲ့ …………………….


ကေဇက်ကေ