Sunday, March 1, 2009

ဆက်သွယ်ခြင်း ၃

သက်ဆင်ကမန်စီးတီးကိုပြန်ရောင်းသည်
ဗြိတိလျှတွေကသူ့ကိုခိုလှုံခွင့်မပေးတော့ ဒူဘိုင်းက တည$500 တန်ဟိုတယ်တခုမှာချို့တဲ့စွာနေရသည်
ခုအောက်စဖို့ပညာတတ်ကလေးကပြန်လာဖို့ခေါ်သော်လည်း
သူ့ထောက်ခံသူတွေကလမ်းပေါ်ပြန်ထွက်ကြဦးမည်ဆို၏
ကျနော်ဒီတခေါက်မက်တာပွတ် (ပတ်တရာနားကစက်မှုဇုံမြို့လေး) ရောက်တော့ တည ဘတ်တထောင်
တန်ဟော်တယ် က
ဧည့်ကြိုကလေးပြောသည့်ဆာဝါဒီခ မှာယိုးဒယားနိုင်ငံရေး၏မည်သည့်အရိပ်ငွေ့မှမတွေ့ရ
လိုကယ်နဲ့ ဂလိုဘယ်ကိုချိန်ကြည့်ဦးမှဆိုပြီး
နာမည်နဲနဲ ရှိသည့် ဒေသခံ ရက်ဂင်စီ ဘရန်ဒီလေး မြည်းကြည့်မိပါတယ်
၃ပက်လောက်ဝင်သွားတော့ ဂါဇာမဟုတ်သည့် ပတ်တရာကမ်းစပ်မှာ ကျနော့်အလွမ်းဓတ်က တဖျတ်ဖျတ်
(နော်မန်ဒီတုန်းကတော့ အံမယ် မနူးမနပ်ကဗျာဆရာက တိုက်ချင်ခိုက်ချင်စိတ်တွေပင် ၀င်ဖူးသည်)
ခုတော့ လီရှန်လွန်းတို့ ကျွန်းဋ္ဌာနေမှာ တိုးနယား တွေက ယိုးဒယား သမင်လိုက်သလိုမဟုတ်
ရုတ်ရုတ်သဲသဲ ဂျက်ကီးချန်းရယ်သလို စပ်ဖြဲဖြဲ ဂီတ နှင့်
နှစ်ကူးဆိုတော့ ဘောင်းဘီတိုလေးတွေနဲ့ အိမ်ပြန်သွားသည့်
မလေးတရုတ်မလေးတွေ ပရိုမိုးရှင်းလုပ်သည့် ဆူဝေသောဘီယာဆိုင်တွေပင် တိတ်တိတ်ဆိတ်ဆိတ်
ဒီနေ့ တပီပါ ၄၅.၆၂$, ဓတ်ငွေ့ One MM BTU ကို ၄.၄၉$ ။ နှစ်ခုစလုံးနဲနဲစီကျ။ CAC 40
ကယောင်ယောင်လေးပြန်တက်။
ဒီမနက်ဘွန်လေးက မြန်မာထမင်းဆိုင်မှာ ၀က်သားနဲ့ မျှစ်နဲ့ ရုံးပဒေသီးကျော်နဲ့ အရင်ဈေးပဲ S$ 3.5
ဆက်သွယ်ခြင်း ၃ ကို တယောက်ယောက်က တခုခုပြောလျှင် ကောင်းမှာပဲဘာလို့ထင်မိပါလိမ့်

(အပေါ်ကစာချီးလေးကတရုတ်နှစ်ကူးတရက်မှာချစ်ခင်သူများကို
ကဗျာပို့စဉ်ကရေးပေးခဲ့တာမို့ သတိတရပြန်ထဲ့ပေးတာပါ)

ဆက်သွယ်ခြင်း ၃

ကျောက်မီးသွေး၏ နာကျင်သောခွန်အားမှာ လင်းနေသောအနက်ရောင်ပင်
သဘောင်္ကဖရွိုက်၏ မသိစိတ်ကိုတိုက်မိပြီ
အချိန်ကာလတဖြည်းဖြည်းစိမ့်ဝင်ရာနံရံပေါ်၌တစက္ကန့်များတောင့်တင်းနေ
ရေတံခွန်တွဲလောင်းကျနေ
သံလိုက်တုံး၂တုံးလိုဇတ်ကနဲရုန်းနေသောအချစ်စိတ်သည်ဒွိဟ
ငါဟာငါ့အပေါ်ငါသာအာရုံရသည်ဆိုသော်လည်း
လေကိုဖမ်းနေသောပိတ်စ
…………………………………..

KZကေ

2 comments:

  1. ဒီကဗျာကတော့ အကြိုက်ဆုံးပဲဗျာ။ အခြားကဗျာတွေလို structure တွေချည်းခင်းကျင်းနေတာမဟုတ်ပဲ ခံစားမှုပါအသေချာပေးတယ်။ ကဗျာဆရာနဲ့အတူ ပတ်ထရာရောမြန်မာထမင်းဆိုင်ရောရောက်ခဲ့။

    ReplyDelete
  2. ကိုယ့်ကဗျာကြိုက်တယ်ပြောရင်ကျေနပ်တဲ့လူတွေထဲ
    ကျနော်လည်းပါပါသည်။
    ခံစားမှုဆိုသည်လေကိုဖမ်းခြင်းများလား
    ဘယ်တော့မှမမိ
    မရှိတော့လည်းမဖြစ်
    ကျေးဇူးပါဗျာ

    ReplyDelete