Monday, December 21, 2009

စိမ်းညှိရေ၏ ရှည်လျှားသောနှစ်သစ်

ပို့စ်မော်ဒန်ပို့စ်များ များလာပြီးကျနော့်တွင်စံနစ်တကျခေါင်းစဉ်ခွဲထားခြင်းများမရှိခဲ့ပါ။
မတော်တဆအလည်ရောက်လာသူများစိတ်ဝင်စားခဲ့သော် ပို့စ်မော်ဒန်ကျွဲပြဲစီးခြင်း သည်အစပို့စ်ဖြစ်ပါသည်။
ထိုမှစဖတ်စေချင်ပါသည်။ “ရှင်းထားသောနှင့်စုပုံထားသောအမှတ်သညာများ” မှာ ကြားဖြတ်ဝင်ထားသောကဗျာကြော်ငြာဖြစ်ပါသည်။ မူလက ဒုတိယခေါင်းစဉ်ခွဲအဖြစ် “decoding နှင့် transcoding ကိုလေ့လာခြင်း” ဟုအမည်ပေးထားသော်လည်း ပို့စ်တင်ခါနီးမှာဖျက်ခဲ့မိပါသည်။ ဆက်တိုက်အားပေးစောင့်ဆိုင်းဖတ်သူများကိုကျေးဇူးတင်ရင်း ခြောက်သွေ့သောအရေးအသားများအတွက် အားနာမိပါသည်။
နောက်ထပ် ၃သို့၎ ပို့စ်လောက်တင်ပြီးသော်ပြီးလောက်ပါပြီ။
ပို့စ်မော်ဒန်ရှင်းလင်းချက်များတွင်ဂျိမ်းဆင်၏ချဉ်းကပ်မှုကနားလည်ရသိပ်မခက် လက်တွေ့ဘ၀နှင့်လည်းနီးစပ်မည်ထင်သဖြင့် အားထုတ်ကြည့်မိပါသည်။ ကိုယ်လိုနားလည်လိုသူများအတွက်လမ်းစရစေရန်သာဖြစ်ပါသည်။
ခုရေးနေတာထက်ကျနော်နဲနဲပိုသိတယ်ဆိုလျှင်လည်းထိုအသိမှာ မရေရာမှုများသာဖြစ်ပါလိမ့်မည်။။။။။
ရေစီးထဲတွင်ရေမှော်စိမ်းညှိများတင်လာတာကိုယနေ့သတိထားမိသည်။
ရေစပ်ရှိပွင့်ဖတ်စိမ်းကိုလက်နဲ့ဖိတွန်းလိုက်သော်ဖြူဝင်းသောကျောက်သားမျက်နှာပြင်ကိုမြင်ရသည်။
သူကူးခပ်သောအလျှားအတိုင်းရေစီးကိုရင်ဆိုင်ရင်းတန်းနေသောအစိမ်းမျှင်များဘယ်ကရောက်လာသလဲကျနော်လည်းမစဉ်းစားခဲ့ပါ။
နှစ်သစ်တွင်ချစ်ခင်သူများစုစည်းပျော်ရွှင်နိုင်ပါစေ။

KZကေ

No comments:

Post a Comment