Saturday, December 12, 2009

ရှင်းထားသောနှင့်စုပုံထားသောအမှတ်သညာများ

ဒီမစ်ထရီကိုအောက်တိုဘာတော်လှန်ရေး
အပြီးမော်စကိုတွင်မွေးသည်
ကျောင်းဆင်းခေါင်းလောင်းထိုးပြီးလျှင်ကျောင်းသားအားလုံး
နိုင်ငံတော်သီချင်းကိုသီဆိုရသည်
စမစ်ကျွန်းသည်ထိုင်းနိုင်ငံအရှေ့ပိုင်းတွင်ရှိပြီး
ဘန်ကောက်မြို့တော်မှမဝေးလှ
ရေတံခွန်သည်အမြင့်တနေရာမှစတင်သော
ပြုတ်ကျနေသည့်အလှတရားတခုပင်
အတန်ငယ်လှမ်းသည့်နေရာတွင်ကြည်လင်သော
စမ်းချောင်းငယ်ဖြစ်ပြီး
ရေထဲနစ်မြုပ်နေသည့်တိမ်အပြာတစ်စကို
ကျွန်တော်ကိုင်ကြည့်မိသည်
ရေတိမ်တိမ်တွင်နွေးနေသောအပြာရောင်တိမ်
ဇူးရစ်လေဆိပ်တွင် တထောက်နားကြသည်
ခရီးဆောင်အိတ်ကိုချိန်ပြီး လက်မှတ်ယူပြီး
လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့်တွေ့သောအခါ
နီရဲသောနိုင်ငံကူးလက်မှတ်ကိုသူစေ့စေ့စပ်စပ်ကြည့်တော့သည်
လေတဟူးဟူး
ဇတ်လမ်းထဲကဆောင်းရာသီ
ချမ်းလွန်းသဖြင့်ကော်လံစကိုပင်ထောင်ထားမိသည်
အိမ်တံခါးကိုဖြေးဖြေး ကားတံခါးကိုဖြေးဖြး
ပိတ်ပြီးစက်နှိုးသော် တောင်ပိုင်းရေဒီယိုမှ
ယနေ့နံနက်ခင်းရာသီဥတုကိုနားထောင်ကြည့်မိသည်
ကျောင်းအသွားတောလမ်းကလေး
ဒီလမ်းကိုမြညိုပြာခြေဖ၀ါးတို့ဖြင့် ရင်နှင့်ဖောက်ခဲ့သည်ပင်
အဝေးတွင်တောင်ညိုပြာမှောင်မှာ
အလွမ်းရိပ်တို့အဝေးဝေ့
လက်ဖက်ခင်းများ ကလေးများ တောပန်းများ အနာဂတ်များ
မီးလင်းဖိုသည် သခင်ဟန့်ထားသဖြင့်
ပျပ်ဝပ်နေသော ခွေးတကောင်ပမာ ယဲ့ယဲ့လင်း
အတွင်းခန်းတွင်ချောင်းသံ သဲ့သဲ့အက်
အခါးရည်တွင်အငွေ့ မျှင်းမျှင်းလွင့်
ညိုပြာရန်ကုန်လာဖို့ရှိသေးလား ကိုသော်တာအမေးကို
တွေရင်း ၀ဲဝဲမော့
နီရဲသောအလင်းတွင်သူတို့မမြင်ကြရ
လမ်းများပိတ်နေပြီး မီးပွိုင့်တွင်ရေတွက်ခြင်းကိုသင်ယူကြသည်
နှစ်သစ်ကူးနွေအ၀ါတွင် ပိတောက်ရွှေဝါကို မျှော်လင့်ကြရပေဦးမည်။

KZကေ

No comments:

Post a Comment