ကိုတီတီအောင်
ပိုက်ဆံတွေပျက်ပဟလို့ကျနော်ပြောတုံးကခင်ဗျားကမထိတ်သာမလန့်သာဗျာလို့ပြောခဲ့တယ်နော်။ ပြောရရင် စီးပွားရေးဆိုတာကျနော်တို့နဲ့အလှမ်းဝေးလွန်းလှပါတယ်။ စီးပွားရေးပြသနာတွေကုစားဖို့ကဝေးလို့ အခြေခံတွေ နားလည်ဖို့ကိုမနဲဖတ်ကြည့်ရတာကလား။ အခန့်သင့်ချင်တော့ကျနော်တို့ဖတ်ဖြစ်တဲ့NWT/ IHT က ပေါကရပ်မင်ကြီးက စီးပွာရေးနိုဘယ်၂၀၀၈ ကိုရတယ်။ သူလတ်တလောရေးတဲ့ THE RETURN OF DEPRESSION ECONOMICS AND THE CRISIS OF 2008 ကိုဖတ်ဖြစ်တော့ ခင်ဗျားကိုကျနော်သိသလောက် လေးပြောချင်လာတယ်။ နဲနဲသည်းခံကြည့်ဗျာ။
နိဒါန်း
ခုထိတော့ကျနော်တို့စီးပွားပျက်ကပ်ထဲရောက်နေကြတာမဟုတ်ဘူးဗျ။ လောလောဆည် အကျပ်အတည်းကကြီးတယ်ဆိုတဲ့တိုင်အောင် ပျက်ကပ်ထဲရောက်တဲ့အထိတော့ဆိုးမသွားနိုင်ဘူးလို့ (အာမမခံဘဲ) ကရပ်မင်ကြီးကပြောတယ်။ ဒါပေသည့် ၁၉၃၀နှစ်တွေကပျက်ကပ်စီးပွားရေးရဲ့ အရိပ်အရောင်တွေ ကိုတော့တွေ့နေရပါပြီတဲ့။ ဒီနေ့ခေတ်နိုင်ငံတွေဟာဆိုးဆိုးဝါးဝါး စီးပွားရေးကျဆင်းမှုတွေနဲ့ကြုံရမယ်။ ထိပ်တန်းရောက်ခေတ်မှီနိုင်ငံကြီးတွေဟာစက်ရုံတွေ ဆက်လည် ပတ်ဖို့အလုပ်သမားတွေကို ဆက်ထိန်းထားဖို့ လုံလောက် တဲ့ငွေကြေးမရှိဘူးလို့ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကဘယ်သူတွေးမိမှာလဲ။ကမ္ဘာ့စီးပွားရေးဟာ ကျွန်တော်တို့ထင်ထားခဲ့တာထက်ပိုပြီး အန္တရယ် ကြီးတဲ့အနေအထားကိုရောက်နေပါပြီ။ဘာလို့ဒီလောက်ထိ ဆိုးဝါးသွားတာလဲထက်ပိုအရေးပါလာတာ ကဒီအကျပ်အတည်းကနေဘယ်လိုထွက်ကြမလဲနဲ့ဘာတွေပြင်ဆင် ထားဖို့ကောင်းမလဲသိရရင်မဆိုးဘူးလားလို့ပဲ။
ပျက်ကပ်စီးပွားရေးဆိုတာဘာလဲ
ပျက်ကပ်စီးပွားရေးပြန်လာပြီဆိုတာဘာအဓိပ္ပါယ်လဲ။ ပြီးခဲ့တဲ့မျိုးဆက်၂ခုအတွင်းပထမဆုံးအကြိမ်အဖြစ် DEMAND SIDE ECONOMY ကျဆုံးသွားတာပါ။ ထုတ်သလောက်မဖြုန်းနိုင်ကြတော့ဘူးဆိုတဲ့သဘောပေါ့။ စားသောက်ဆိုင်ကရေခဲသေတ္တာထဲဘီယာပုလင်းတွေချွေးပြန်နေတဲ့ပုံဆို ခင်ဗျားဒက်ကနဲသဘောပေါက်မှာပါ။ ဒီကိစ္စကစီးပွားရေး ပညာရှင်ကြီး တွေမှမဟုတ်ဘူး။ ပေါ်လစီမိတ်ကာတွေ ခင်ဗျားတို့လိုပညာတတ်ပြည်သူလူထု တွေအထိဘယ်သူမှ အဆင်သင့် မဖြစ်ကြသေးပါဘူး။
ခင်ဗျားမှတ်မိမှာပါ။ တခါကအိမ်မြေအကျိုးဆောင်တယောက်နဲ့အိမ်ခန်းကိစ္စခင်ဗျားတို့ပြောကြတော့သူ ပြောတဲ့စကားလေ။ ဈေးနှုန်းကိုဘယ်သူကသတ်မှတ်လို့ရသလဲ။ ဈေးကွက်ကသတ်မှတ်တယ်ဆိုတာလေ။ ဈေးကွက်နဲ့ဈေးနှုန်းဆိုတာကလည်းဘာမို့လို့လဲ။ ၀ယ်လိုအားနဲ့ရောင်းလိုအားပဲမဟုတ်ဘူးလား။ ဒါကျနော်က လူပြိန်းနားလည်သလိုပြောတာပါ။ သို့ပေမဲ့ အခြေခံအားဖြင့် ပညာရှင်တွေကြားထဲလည်းဒီကိစ္စပဲငြင်းခုံကြတာပါ။ Supply side economics နဲ့ Demand side economics ပေါ့။
စီးပွာရေးအခြေအနေတွေမကောင်းဘူး အလုပ်လက်မဲ့နှုန်းတွေမြင့်နေတဲ့အချိန်မှာ လုပ်ခတွေနည်းမယ် ဝယ်လိုအားကျမယ် ဒါဘာဆန်းသလဲ။ သူနဲ့အတူတွဲပြီး ဈေးနှုန်းတွေပါကျလာရင်ဘာပြောစရာရှိမလဲ။ ခင်ဗျား တလ ၂၀၀၀ ရနေရာကနေ ၁၈၀၀ ဖြစ်ဦးတော့ ဆန်ဈေးက တအိတ်နှစ်သောင်းကနေ ၁သောင်းခွဲဖြစ်လာရင် ဘာအရေးလဲ။ ၀ယ်လိုအားပြန်လာမယ် ထုတ်လုပ်မှုလိုမယ် လုပ်ငန်းတွေပြန်ရှိလာမယ် (အလုပ်လက်မဲ့ နှုန်းကျ သွားမယ်) မဟုတ်ဘူးလား။ သို့ပေမဲ့စီးပွားရေးကျလို့ ၀ယ်လိုအားကျတိုင်း ဈေးကျတယ် ဆိုတာလက်တွေ့မှာ ချက်ခြင်းဖြစ်တာမှမဟုတ်တာ။
Sunday, March 8, 2009
Friday, March 6, 2009
မွေးနေ့ကိတ်
ဗြူတီ မှာ၂၀၀၃ တုန်းကပါဘူးတဲ့ကဗျာတပုဒ်တင်လိုက်တယ်
မွေးနေ့ကဇန်န၀ါရီ ဘလော့ကတလနောက်ကျမှလုပ်တော့
မွေးလစောင့်မယ်ဆိုဒီကဗျာတင်ဖို့ရာအတော်ကြာသွားမှာ။ ဒါနဲ့ပဲ
...........
သင်ဟာကိတ်မုန့်ရဲ့ဘယ်အစိတ်အပိုင်းဖြစ်ခဲ့သလဲ
ရထားထွက်ပြီးမိနစ်အနည်းငယ်အကြာ
ရှုခင်း ကောမြေနှင့်
ယနေ့ခေတ်မစားတော့သောဆင်ခြင်တုံတရားကို
ကွဲပြားရတယ်။
ပြူတင်းပေါက်များချိတ်ဆက်ပြောင်းလဲရာ
ပန်းပွင့်ပေါ်ရေစက်တင်တာ
ဖန်ခွက်မှန်ချပ်နှလုံးသားအစရှိသည်ဖြင့်
ကွဲရှလွယ်သောအရာဝထ္ထုတခုလွတ်ကျသံ
ငှက်များရုတ်တရက်အတောင်လန့်ခတ်ထပျံ။
လောကမြင်ကွင်းကျယ်ဆေးရောင်စုံပုံ
မဆန်းကျယ်လှတော့
ရေပိုက်ဖွင့်သလို ဇစ်ပိတ်သလို
ယခုအဖြစ်နှင့် ယခုအပျက်အကြား
အလင်းရောင်နှင့် ပူလောင်မှုနှင့်
ရှေ့ကဖယောင်းမီးကိုငါငြိမ်းပြီ။
KZကေ

အချစ်ကိုကြာရှည်ခံခြင်းနှင့်
ဒီရက်ပိုင်းသိပ်မအားတာနဲ့ ရေးပြီးသားလေးတွေထဲက
ကောင်းမယ်ထင်တာလေးတွေတင်ကြည့်ပါဦးမယ်။
အချစ်ကိုကြာရှည်ခံခြင်းနှင့်
(*ပြထားသောနေရာများတွင်သူ့စိတ်တိုင်းကျဝင်ရောက်ရေးသားခြင်း)
လွယ်ကူအောင် သူ့အလိုလိုရိုးစင်းသွားအောင် ကျွန်တော်မပါပဲ
ခေတ်ထဲကျယ်ဝန်းလာသောအတွေးတခု သစ်သီးအနုအချို့ဝင်းအု
*
ဖြစ်ကြောင်းကုန်စင်မှာ
လူ့ဘဝနှင့်ပြည်ထဲရေးနှင့်ဝမ်းရေးတို့နှင့်ဆက်စပ်မိသမျှဖြစ်ကြောင်းကုန်စင်မှာ
*
ကျွန်တော်ပျော်ဖို့ဆန္ဒရှိပါပြီ
ခင်ဗျားအလိုကိုလည်းရှိပစေပေါ့
ဘာကိစ္စကိုယ့်ဘဝကိုယ်ညာမလဲ
*
ဖြစ်နိုင်ခြေအလုံးစုံကို အချိန်ကာလကသင်ကြားခဲ့ပါတယ်
*
*
သမရိုးကျ ရိုးမြေကျ အစိမ်းမှအရင့်တိုင်အောင်
ရင်ချင်းအပ်ခြေဖျားထောက်ချစ်သတ္တိပြင်းထန်ဖို့
အာရုံခြောက်ပါးစလုံးတလုံးတစည်းတည်းစိမ့်ဝင်အောင်
*
ဒုက္ခကိုသစ်ခွပန်းနဲ့အိမ်ရှေ့ဝရံတာမှာ
*
တကိုယ်လုံးစိတ်တိုင်းကျ ရောမန်တိကကြည့်မှန်မှာ
ဥတုသုံးလီရင်ဆိုင်မည်အမည်ရသော
ကိုယ်တို့မျှော်လင့်ဆဲအပြာရောင်ဥယျာဉ်ကိုပျိုး။

Sunday, March 1, 2009
ဆက်သွယ်ခြင်း ၃
သက်ဆင်ကမန်စီးတီးကိုပြန်ရောင်းသည်
ဗြိတိလျှတွေကသူ့ကိုခိုလှုံခွင့်မပေးတော့ ဒူဘိုင်းက တည$500 တန်ဟိုတယ်တခုမှာချို့တဲ့စွာနေရသည်
ခုအောက်စဖို့ပညာတတ်ကလေးကပြန်လာဖို့ခေါ်သော်လည်း
သူ့ထောက်ခံသူတွေကလမ်းပေါ်ပြန်ထွက်ကြဦးမည်ဆို၏
ကျနော်ဒီတခေါက်မက်တာပွတ် (ပတ်တရာနားကစက်မှုဇုံမြို့လေး) ရောက်တော့ တည ဘတ်တထောင်
တန်ဟော်တယ် က
ဧည့်ကြိုကလေးပြောသည့်ဆာဝါဒီခ မှာယိုးဒယားနိုင်ငံရေး၏မည်သည့်အရိပ်ငွေ့မှမတွေ့ရ
လိုကယ်နဲ့ ဂလိုဘယ်ကိုချိန်ကြည့်ဦးမှဆိုပြီး
နာမည်နဲနဲ ရှိသည့် ဒေသခံ ရက်ဂင်စီ ဘရန်ဒီလေး မြည်းကြည့်မိပါတယ်
၃ပက်လောက်ဝင်သွားတော့ ဂါဇာမဟုတ်သည့် ပတ်တရာကမ်းစပ်မှာ ကျနော့်အလွမ်းဓတ်က တဖျတ်ဖျတ်
(နော်မန်ဒီတုန်းကတော့ အံမယ် မနူးမနပ်ကဗျာဆရာက တိုက်ချင်ခိုက်ချင်စိတ်တွေပင် ၀င်ဖူးသည်)
ခုတော့ လီရှန်လွန်းတို့ ကျွန်းဋ္ဌာနေမှာ တိုးနယား တွေက ယိုးဒယား သမင်လိုက်သလိုမဟုတ်
ရုတ်ရုတ်သဲသဲ ဂျက်ကီးချန်းရယ်သလို စပ်ဖြဲဖြဲ ဂီတ နှင့်
နှစ်ကူးဆိုတော့ ဘောင်းဘီတိုလေးတွေနဲ့ အိမ်ပြန်သွားသည့်
မလေးတရုတ်မလေးတွေ ပရိုမိုးရှင်းလုပ်သည့် ဆူဝေသောဘီယာဆိုင်တွေပင် တိတ်တိတ်ဆိတ်ဆိတ်
ဒီနေ့ တပီပါ ၄၅.၆၂$, ဓတ်ငွေ့ One MM BTU ကို ၄.၄၉$ ။ နှစ်ခုစလုံးနဲနဲစီကျ။ CAC 40
ကယောင်ယောင်လေးပြန်တက်။
ဒီမနက်ဘွန်လေးက မြန်မာထမင်းဆိုင်မှာ ၀က်သားနဲ့ မျှစ်နဲ့ ရုံးပဒေသီးကျော်နဲ့ အရင်ဈေးပဲ S$ 3.5
ဆက်သွယ်ခြင်း ၃ ကို တယောက်ယောက်က တခုခုပြောလျှင် ကောင်းမှာပဲဘာလို့ထင်မိပါလိမ့်
(အပေါ်ကစာချီးလေးကတရုတ်နှစ်ကူးတရက်မှာချစ်ခင်သူများကို
ကဗျာပို့စဉ်ကရေးပေးခဲ့တာမို့ သတိတရပြန်ထဲ့ပေးတာပါ)
ဆက်သွယ်ခြင်း ၃
ကျောက်မီးသွေး၏ နာကျင်သောခွန်အားမှာ လင်းနေသောအနက်ရောင်ပင်
သဘောင်္ကဖရွိုက်၏ မသိစိတ်ကိုတိုက်မိပြီ
အချိန်ကာလတဖြည်းဖြည်းစိမ့်ဝင်ရာနံရံပေါ်၌တစက္ကန့်များတောင့်တင်းနေ
ရေတံခွန်တွဲလောင်းကျနေ
သံလိုက်တုံး၂တုံးလိုဇတ်ကနဲရုန်းနေသောအချစ်စိတ်သည်ဒွိဟ
ငါဟာငါ့အပေါ်ငါသာအာရုံရသည်ဆိုသော်လည်း
လေကိုဖမ်းနေသောပိတ်စ
…………………………………..

နေ့များ။ ရောင်းရန်ရှိသည် ၃
အလုပ်သမားခံစားမှုအဖွဲ့။ လတ်တလောလုပ်ငန်းခွင်အခက်အခဲတွေ။ အစွဲအလမ်း။
လျှင်လျှင်သစ်ပင်များမြန်မြန်ဆိုတဲ့စကားလုံးဟာThe landscape is motorized ရဲ့ပယောဂများလား။ ကဗျာနှစ်ပုဒ်ပေါ်ရဲ့အဆက်အစပ်နဲ့ညွှတ်ချက်တွေ။
ကဗျာကိုခံစားနိုင်တာဥါဏ်ပညာကြီးရင့်လို့မဟုတ်ပါဘူးတဲ့ ပလေတိုးက
နွေလယ်နေရဲ့ မြို့ကြီးတွေဟာ မင်းမပါလည်းပျင်းစရာမဟုတ် ဆိုတဲ့ R&B သီချင်းတပုဒ်နဲ့
ဂျိမ်းဆင် ကလက်ဝဲကိုသစ်စေချင် ပဲလ်မင်းကဘာသာစကားကိုသစ်စေချင်
The train takes you where it goes ပေါ့။ ဘာဖြစ်သေးလဲ ။
ကျနော်ဟာဟောင်းလာတဲ့စနေနေ့တနေ့ ညရထားရဲ့စတီးလက်ကိုင်ကွင်းကိုတင်းတင်းဆုပ်ပြီး
ရောင်းစားလို့ရတယ်ဆိုပေမဲ့ ဘ၀ကိုဒါးစက်ပြန်သချင်သူ အထည်ချုပ်သမလေးရဲ့နေ့တွေ ချုပ်ရိုးချုပ်သားဖြောင့်တန်းပါစေ ရုတ်တရက်များ စိတ်ကူးခဲ့မိလေသလား။
.........................
နေ့များ။ရောင်းရန်ရှိသည်
မားမားကရိန်းကြီးမတ်မတ်ခေါင်းငိုက်စိုက်
သွေးသံဂဟေချောင်းတရဲရဲငြိမ်ပြီ
စိန်ပန်းအလုပ်ကြမ်းအုတ်ခဲနီနီအထပ်လိုက်
နားနားသူဋ္ဌေးသားနေနေဘိလပ်မြေ
တည်ဆောက်ပြုပြင်အလုပ်သမားအသားညှပ်ပေါင်မုန့်စား
မိုးတိုးတိုက်တို့မတ်တတ်ကျန်ခဲ့
လျှင်လျှင်သစ်ပင်များမြန်မြန်
ပြေးတမ်းညအမှောင်မီးရောင်ကိုလိုက်တမ်း
ဆော့ငါတို့ဟာနေ့တွေနဲ့ကစား
ချစ်ခြင်းကမ္ဘာကြီးမေတ္တာသည်ပင်ဆာလောင်အိမ်အပြန်တောင့်တနေ။

နေ့များ။ ရောင်းရန်ရှိသည် ၂
တနေ့မှာ Fredric Jameson (အမေရီကန်မတ်ဝါဒီလက်သစ်စာပေအနုပညာဝေဖန်ရေးဆရာ) ရဲ့ The postmodernism or the cultural logic of late capitalism စာအုပ်ရဲ့တနေရာမှာ China ဆိုတဲ့ကဗျာတပုဒ်ကိုဖတ်ရတယ်။
We live third world from the sun, number three, nobody tells us what to do.
The people who taught us to count are being very kind.
It is always time to leave.
………………….
………………….
……………………..
Run in front of your shadow.
A sister who points to the sky once a decade is a good sister.
The landscape is motorized.
The train takes you where it goes
Bridges among water
……………….
………………
……………..
Go to sleep.
You look great in shorts. And the flag looks great too.
Everyone enjoyed the explosions.
Time to wake up.
But better get used to dreams.
ရေးသူ အမေရိကန်LP (Language Poetry) ကဗျာဆရာ Bob Perelman ပါ။
ဝေဖန်ရေးဆရာက အဆက်အစပ်မဲ့တဲ့ဝါကျတွေနဲ့တည်ထားတာဖြစ်လို့အားလုံးသဘောညီ
အဓိပ္ပါယ်တခုရဖို့မဖြစ်နိုင်သော်လည်း ဒါဟာ စူးစမ်းချင်စရာ ထိမ်ဝှက်ဖွဲ့ဆိုထားတဲ့ နိုင်ငံရေးကဗျာတပုဒ်အဖြစ်မြင်ခဲ့ပါတယ်။
တရုတ်ပြည်သစ်ရဲ့မပြီးဆုံးသေးတဲ့ လူမှုရေးစမ်းသတ်ချက်တွေ မမျှော်လင့်ပဲ ဆူပါပါဝါနှစ်ခုကြားကပေါ်ထွက်လာမှု။
မြေပိုင်ရှင်စံနစ်နဲ့ အင်ပိုင်ယာစံနစ်မှာ နှစ်များစွာကြာခဲ့ပြီးပထမဆုံးထွက်လာတဲ့ Collective destiny
နဲ့ ကိုယ်ပိုင်အသံကိုဖွဲ့ခဲ့တယ်။
သို့သော် ကဗျာရဲ့ညီညွတ်စည်းလုံးမှု (Unity, ဒီမှာတော့ အဓိပ္ပါယ် လို့သဘောယူလည်းရနိုင်ကောင်းမယ်) ဟာဘာသာစကားရဲ့ဘောင်ထဲမှာမရှိတော့ပဲအပြင်ကိုထွက်လာခဲ့တယ်လို့လည်းဆိုပါသေးတယ်။
ကျနော်ကတော့ ဘာကြောင့်မှန်းမသိ လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးက ဆိုနေကျသီချင်းကို
ဖျတ်ခနဲသတိရလိုက်တာကတော့အခြား နိုးကြားမှုတခုပဲဖြစ်ပေလိမ့်။
ဆက်ဦးမယ်

နေ့များ။ ရောင်းရန်ရှိသည်
ကြာခဲ့ပါပြီ။
ချယ်ရီမှာ ဆရာညွန့်ကြူးကဗျာအလှရှာပုံတော်လုပ်တော့
ဆောင်းပါးမစခင်အမြဲတမ်းဖော်ပြလေ့ရှိ တဲ့အချီအချစကားပြောခန်းတခုရှိပါတယ်။ ဆရာဇော်ဂျီဘာသာပြန်တဲ့ပလေတိုးနိဒါန်းထဲကပါ။
ကဗျာကိုခံစားနိုင်တာဟာစိတ်နှလုံးတက်ကြွမှုကြောင့်ပါတဲ့။
တော်လို့တတ်လို့ထက်မြက်လို့မဟုတ်ပါဘူးတဲ့။
ဆရာညွှန်းခဲ့တာတွေထဲကတပုဒ်ကိုကျနော်မှတ်မိနေခဲ့တယ်။
နွေလယ်နေရဲ့ဆိုနေကျသီချင်း။
“စက်ရုံတံခါးဖွင့်ဖို့
သူတို့လိုပဲငါလာခဲ့
မြို့တော်ရဲ့ဟိုမှာဘက်ကိုလေ”
တောင်ဒဂုံသားကဒလသင်္ဘောကျင်းထဲထမင်းချိုင့်ဖွင့်နေချိန်
သာကေးဒီးယန်းအပျိုဖြန်းကလေးလည်းအင်းစိန်ရွာမကအထည်ချုပ်စက်ရုံထဲ
ဘ၀ဆိုတာအပ်ချည်လုံးလို အချိန်တန်ရင်အကုန်ပြေသွားမှာပဲ
လို့တွေးနေနိုင်တယ်။
“နေလုံးကအိပ်မှုံစုံမွှား
အရှေ့ဖျားမှာတွားတက်စ”
အလင်းရောင်သဲ့သဲ့မြင်တာနဲ့အိမ်ဟာရုံခါဖို့ပဲ
ကျနော့်ဘလော့ထဲမှတ်ချက်ပေးသူတဦးအလိုအရဆိုရင်
နပိုလီယံတောင်နိုးတာနဲ့ထရဆိုကိုး။
“ဘတ်စကားမှတ်တိုင်မှီရပ်
ပါးစပ်ဟဟသန်းဝေ
အိပ်တန်းကြောင်ငှက်ကလေးရေ
မင်းအိမ်ပြန်တော့မယ်လား
ငါတော့အလုပ်သွားတော့မကွဲ့
စက်ဆီညစ်ထေးထေးနဲ့
အေးစက်စက်သံထည်ကြီးတွေအောက်
ငါ့ကြွက်သားတွေညောင်းညာခိုက်
မင်းအိပ်ဖြစ်အောင်အိပ်လိုက်ဦး
မင်းနဲ့ငါမပါတဲ့
မြိုတော်ရဲ့ညနေခင်း
သူ့ဘာသာစီးဆင်း
ဆိုနေကျသီချင်းနဲ့
တို့ကိုတွေးမဲ့သူလည်းကင်းရဲ့မဟုတ်လား”
ကဗျာကကျန်သေးပေမဲ့ဒီနေရာမှပဲရပ်ကြည့်ရအောင်။
ကဗျာဖတ်သူဟာ ကဗျာရေးသူပေးချင်တဲ့ အချက်ကိုရသွားခဲ့ပြီဖြစ်ပါတယ်။
ဂျက်လန်ဒန်ရဲ့ပင်လယ်ဝံပုလွေကိုဘာသာပြန်ခဲ့သူဆရာညွန့်ကြူးက
သူဖတ်ဖူးသမျှအကောင်းဆုံးအလုပ်သမားလူတန်းစားဖွဲ့ကဗျာလို့ဆိုခဲ့ပါတယ်။

Subscribe to:
Posts (Atom)