Friday, May 1, 2009

အို မေဒေး

မွေးကင်းစနေရောင်ဖျော့မှာကိုယ်အိပ်မက်ကလျော့ကျလာသည်
မိုးရိပ်ညိုမှောင်စွက် မြနှင်းဆီကိုသတိရဖို့ကောင်းသည့်နံနက်
ဒီတရက်တော့အိမ်မှာခြေငြိမ်လိုက်ဦးမယ်
အိပ်ယာပေါ်မှာလဲလျှောင်းရင်းပျင်းလို့နေမယ်သီချင်း
ဒီနေ့ကားကြိုတာနဲနဲနောက်ကျမည်
အင်း ရေနွေးလည်းမကြိုချင် ဖျော်ရည်လည်းကုန် CNN ကလည်း SWINE FLU
ရုံးရောက်တော့ ဘာဆိုင်မှမဖွင့် ယိုးဒယားမကြီးဖျော်ပေးသော အနက်ရောင်ကော်ဖီမှာ
လူ့ဘ၀ကိုဆင်ခြင်ကြည့်ရကောင်းနိုးနိုး ၀ိုးဝိုးဝါးဝါးဖြစ်ရ
သို့သော် မြေတူးသူတွေ ဂဟေတို့သူတွေ ပိုက်ဆက်သူတွေကြား
မြေကြီးနဲ့မနီးစပ်တာတွေမတွေးအား
အလုပ်သမားတွေ ကြီးကြပ်သူတွေ အင်ဂျင်နီယာတွေ တ၀က်လောက်မလာကြ
ကောင်းတာပ ငါ့လူတို့ရယ် ခုလိုသတ္တိမျိုးမွေးစမ်းပ
ခပ်ပြင်းပြင်း အရက်တလုံးနဲ့ ဒီနေ့ညနေရုန်းစမ်း
ကိုယ်ထဲစိမ့်ဝင်နေတဲ့ ကြီးရင့်မှုနဲ့နွမ်းနယ်မှုကို အန်ထုတ်လှုပ်ရမ်းစမ်းပ
ဟောကြည့်စမ်း ကိုယ်အိတ်ကိုပိတ်ပြီးဒီနေ့ပြန်တော့ အပြင်မှာ
ပျော်စရာနေရောင်ဟာထောင်လွှားနေဆဲ
မောင်အလုပ်သမားဆိုရင်တဲ့

KZကေ

2 comments:

  1. ပေါ့ပေါ့ပါးပါးလေးပါလား။ ကောင်းနေတာပါဘဲ ။ ကြည့်ရတာကတော့ ဓာတ်ခံရှိနေသူတို. အဖို.မှာ ထိလိုက်တိုင်း ရွှေဖြစ်နေလေသည်လားမပြောတတ်တော့ပါ ။ ရွှေဖြစ်ရင်တော့ကောင်းသည်ပေါ့ ။ သို.သော်............."သုံးမရသည့်ရေ"ွှတော့မဟုတ်စေလို။

    ReplyDelete
  2. ဂရုစိုက်ပါ့မယ်ဗျာ
    ဟုတ်နေတာပဲကို
    ရွှေတိုင်းဘယ်ကောင်းနိုင်ပါ့မလဲလေ

    ReplyDelete