Saturday, April 4, 2009

နတ်မြင်းပျံ ပျံပါလေ

"ခွာဆစ်သံပြင်း ရွှေဘိုမြင်းကို
အတင်းဒုန်းစိုင်း
စစ်ကိုင်းပင်းယ အင်းဝမန္တလေး
ရှေးမြန်မာပြည် အနှံ့လည်ကာ
သားသည်မြန်မာ မြန်မာပြည်ဖွား
သည်ရပ်သားဟု
ဝင့်ကြွားဂုဏ်ယူလိုက်ချင်သည်"

သူသေသွားတော့မှ
သူရှိနေသေးတာပါလားလို့သတိရတော့တယ်
ကျနော်ရိုးသားစွာပြောတာမို့
မကြိုက်သူရှိရင်တောင်းပန်ပါတယ်
မရေးတော့ဘူးပဲနေမလို့ပါ
သို့သော် ဆရာ့ရွှေဘိုမြင်းကိုကျနော်ငယ်ငယ်ကအရမ်းစီးတာ
အသံတွေကမာတယ် ပြတ်တယ် ရဲရင့်တယ်
ဒါ ကြည်အောင် ပဲ
ကျနော်တော်တော်ကြိုက်ခဲ့တာ
သစ္စာရှာဖို့ငါမြင်းစီးမယ် ကြတော့ ဘယ်နှစ်ခေါက်မှန်းမသိဘူး
တိကျတဲ့ဆရာ့အရေးအသားမှာ ကျနော်ရက်များစွာတွေဝေခဲ့ဘူးပါတယ်
သေသွားတော့မှဆရာရှိနေသေးတာကျနော်အမှတ်ရဖို့ဖြစ်ရတယ်
ခုတော့ အနတ္တကိုထင်သလိုဘာသာပြန်သူ ခုတော့ မောလွယ်ဟသူ
ခုတော့ မနက်ဖြန်နဲ့
မပွင့်သေးသောပန်းများရဲ့ဆန်းကြယ်မှုကို မေ့လျှော့သူ
ခုတော့ မြန်မာပြည်ဖွားသည်ရပ်သားဟု ၀င့်ကြွားခြင်းငှာမတတ်သာသူ
ကျနော်က
ဆရာအမြင့်ဘုံမှာနတ်မြင်းပျံနဲ့ဝဲပျံနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

KZကေ

No comments:

Post a Comment