Monday, May 11, 2009

နေကြာ၏အလွမ်းသီချင်းများနားဆင်ခြင်း

ကျနော်ကမနက်ခင်းနှင်းတွေနဲ့လင်းလာရင်မျောတယ်
ပျော်တာလိုလွမ်းတာလိုပဲ
ကျောင်းသားဘ၀ကသမိုင်းဝန်းကနေလှည်းတန်းကို
ဆောင်းမနက်ခင်းတွေမှာလမ်းလျှောက်ဖူးတယ်
ကြည်လင်တဲ့ရေပြင်အင်းလျားမှာနှင်းပါးပါးနဲ့နေ့တွေ
ဒီစိတ္တဇကကြီးလာတဲ့ထိမပျောက်ဘူး
ရုပ်ရှင်တွေထဲနှင်းကျတဲ့ကားတွေ တခါဥရောပဆောင်းတွေကိုဖြတ်သန်းရတော့
ဒီကိန်းနေတဲ့အလွမ်းတွေဟာ ပန်းနေကြာနဲ့
အောက်က ကဗျာလေးဖတ်ကြရအောင်လား။
.........................
ရေကန်ထဲနှင်းတွေအုံ့နေတာ
ရေလားနှင်းလား တိမ်နဲ့ရိုးမှားမြူပိုးသား
ငှက်တွေကသစ်ပင်ပေါ်မှာငြိမ်လို့
မနက်ခင်းအစောကြီး
သို့ဆိုပေမဲ့လေဟာတခြားသွားစရာမရှိပါဘူး
ရပ်နေတဲ့သစ်ရွက်တွေပေါ်မှာရပ်လို့ပေါ့
မင်းရေတံခွန်ကဆင်ခြေနဲ့စီးတာမဟုတ်ပေမဲ့
အနီးကပန်းတွေကလန့်ပြီးမမွှေးရော့သလား
ကိုယ်ဟာအဓိပ္ပါယ်ကိုလိုက်ရှာမိတယ်
ခုတော့အမြဲတမ်းဆိုတာကိုလည်းမလုံလောက်ဘူးဆိုလာတယ်
မျှော်လင့်ချက်ကြောင့်မနက်ဖြန်ကိုမျှော်သူ
နေကြာဟာပန်းမဟုတ်ဘူးဆိုလာတယ်
နေ့များ၏သက်သေအရာမှာ
ချစ်ခြင်းဟာငြိမ်သက်ခြင်းပါ
ဥမင်ရဲ့အဆုံးမှာအလင်းရောင်ဟာပွင့်ထွက်နေတဲ့အမှောင်ကိုချော့မြူ
ကိုယ်ဟာဘာပြောနိုင်မလဲတိတ်ဆိတ်သူ။

KZကေ

No comments:

Post a Comment