Sunday, February 15, 2009

T1010 A/B

T1010 Aနဲ့B ခေါ်သည့် Tank နှစ်လုံးက အကြီးကြီးတွေ ရန်ကုန်မှာကြေးရတတ်တွေနေသည့်

ခြံဝင်းကြီးထဲက နှစ်ထပ်တိုက်တလုံးထက်ပိုကြီးပြီးပိုမြင့်မည်

Naphtha လှောင်ဖို့ကန်ကြီးတွေ။ နက်ဖ်သာ ဆိုတာဘာလဲသူမသိသော်လည်း

အဲဒီ အမြင့်ကအလုပ်သမားတယောက်

လုပ်ငန်းခွင်လုံခြုံရေးမန်နေဂျာအဘိုးကြီးကတခေါင်းလုံးဖြူနေပါပြီ

အင်္ဂလိပ်စကားကိုယိုးဒယားသံမ၀ဲအောင်ထိန်းပြောရလို့လား

အဖြစ်အပျက်ကနီးကပ်နေသေးလို့ပဲလား

ခုပဲအရှိန်နဲ့နံရံကိုစိုက်သွားတဲ့ဓါးတချောင်းအလား

သူ့စကားဟာအဖျားတုန်ခါလို့

ပိုက်ချဖို့တူးထားတဲ့မြေတွေဟာ ကတုတ်ကျင်းတွေလို

ငါတို့မှာရန်သူတွေရှိလို့လား ငါတို့ဟာလက်တကမ်းတိုက်ပွဲတွေရှိလို့လား

မဆိုသာပေမဲ့

ရှင်ခြင်းကိုရယ်သွမ်းသွေးဖို့ ဖြစ်နိုင်ခြေဟာ စီးကရက်သောက်ချင်စိတ်ကစလို့

ဝန်ချီစက်ပေါ်က ငိုက်မြည်းမှု အလယ် ကျနော်တို့ကြိုမတွေးနိုင်တဲ့တခုခုအဆုံး

စိတ်ညစ်စရာတွေဗျာလို့ဆိုခဲ့ရင်

ပျော်စရာချစ်သူများနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါမည်

ခုတော့ခင်ဗျားကောဘာတတ်နိုင်သေးသနည်း

ကမ္ဘာကြီးသည်ကောက်ညှင်းထုပ်ကိုမသိ အသားညှပ်ပေါင်မုန့်ကိုသိသည်

မောင်ဘသည် ဖေဖော်ဝါရီ ၁၃ရက်ကိုမသိ ၁၄ရက်ကိုသိသည်

မည်သို့ပင်ဆိုစေကာမူခုလို ပျက်ကပ်စီးပွားရေးမှာ

ဈေးကွက်ထဲငွေလည်ပတ်အောင်လုပ်ဖို့အားထုတ်နိုင်သည်မို့

သူတော်စင် စိန့်ဗာလင်တိုင်းကို အိုဘားမားနည်းတူ ကျေးဇူးတင်ရမည်သာ

အရပ်ရှစ်မျက်နှာ ကျနော်သိသမျှနီးစပ်သမျှမှာ

ကျနော်နဲ့သိသူ မည်သူမျှမရှိ

တနှစ်လုံး ၃၆၅ ရက် ဒီတရက်သာချစ်သူများအတွက်ဆိုလျှင်

(သူ့ချစ်သူကအလုပ်သမားလေးကိုဘာပြောမည်မသိနိုင်သော်လည်း)

သေချာအောင်ကျနော်ကစာဖတ်သူချစ်ခင်သူများကို
အောက်မေ့သတိရကြောင်းပြောလိုပါသည်။

2 comments:

  1. post လုပ်လိုက်တဲ့မော်ဒန်ကဗျာကိုpost modernကဗျာလို့ခေါ်တာနဲ့တူတယ်ဗျနော။

    ReplyDelete
  2. မှတ်သားရတာပ ဆရာရယ်

    ReplyDelete