Wednesday, February 25, 2009

March

ဗြူတီမှာပါဘူးတဲ့ကဗျာလေးပါ
၂၀၀၃ ပျဉ်းမနားကဗျာဆုမှာနောက်ဆုံးအဆင့်ထိရွေးခဲ့ဘူးတဲ့ကဗျာ
မှတ်တမ်းလေးပြောပြတာ။ ကဗျာလေးဖတ်ကြည့်ပါလား
မတ်လရောက်တော့မယ်ဆိုတော့ တတ်သမျှ မှတ်သမျှ ပေါ့

ငါးစာကငါးထက်ပိုများတဲ့
တံလျှပ်တွေထဲ
ဝမ်းမီးအပြင်
အခြားသောအာရုံများလည်း
တောက်ဖို့လောင်ဖို့
လွယ်နေ
သစ်ရွက်ကြွေသောရာသီဥတုနှင့်
ကံ့ကော်ပွင့်၏ပူပြင်းသော အနံ့အသက်များ
လက်ခံမဲ့သူမရှိတဲ့
တယ်လီဖုန်းမြည်သံတခုလို
ဥဩငှက်ရဲ့အော်မြည်သံဟာ
လေမှာ…….တန်း……..လန်း

No comments:

Post a Comment