Sunday, February 8, 2009

ပုန်းနေသောအဓိပ္ပါယ်တဝက်

ပုန်းနေသောအဓိပ္ပါယ်တဝက် ကနေပုန်းနေသောကိုယူသည်
လက်ရေးမူကဗျာမှာ Graph ကိုဆွဲထားသည်
ကွန်ပျုတာနဲ့ကျတော့လက်ကမငြိမ်တာနဲ့ ကွက်လပ်ထားခဲ့မိသည်
ဒါသည်ပင် ပိုအဆင်ပြေသလားမဆိုနိုင်
J curve ကိုဖတ်ဖူးသူများက
W curve လို့နာမည်ပေးချင်မှာပဲ
တခါကဝန်ထမ်း၂၅၀၀ကျော်ရှိတဲ့ရုံးတရုံးမှာ
ကားကိုပါကင်မှာဖင်ထိုးပြီးရပ်ရမည် ဟုစည်းကမ်းတခုထုတ်ထားသည်
အရေးကြောင်းဆို အဆင်သင့်မောင်းထွက်နိုင်အောင်။
တရက်တရက်ကား၂၀၀၀ကျော်ထဲက အနဲဆုံးအစီး၁၀၀လိုက်ကြည့်ရာမှာ
(နေရာတွေလည်းမတူအောင်ကျနော်ကြိုးစားပါတယ်)
၂လကျော်ရတဲ့စာရင်းအရကောက်ချက်ချကြည့်ရရင်
၉စီးကနေ ၂၂စီး (9 to 22 %) ဟာစည်းကမ်းကိုမလိုက်နာတာတွေ့ရသည်
စည်းကမ်းပြဋ္ဌာန်းသော်လည်းမလိုက်နာသော်ဘာအပြစ်မှမပေး
ကျနော်စဉ်းစားမိတာက အပြစ်ပေးမည်ဆိုလျှင်ကော ၁၀၀% ပြည့်လိုက်နာတာတွေ့ရနိုင်လား မထင် သို့သော်
တ၀က်လောက်တော့လျှော့သွားမလားပဲ ဒီတော့ အကြမ်းဖျင်း စည်းမျဉ်းတခုရှိလျှင်ထိုစည်းမျဉ်းကို
ဖောက်ဖျက်သူယေဘူယျ ၄% (၉ ရဲ့ တ၀က်) ရှိမည်ယူဆကြည့်ရအောင်
လူ၁၀၀ မှာ ၄ ယောက်ဟာ အပြစ်ပေးခံရနိုင်သော်လည်းပြစ်မှုကိုမကြောက်ဆိုတဲ့သဘော။

(ဆက်ပါဦးမယ်)

No comments:

Post a Comment