Thursday, February 19, 2009

ပုန်းနေသောအဓိပ္ပါယ်တ၀က် ၂

Bandwagon effect ဆိုသည်မှာ နာမည်ရလူကြိုက်များပြီးသားအယူအဆတခု
အပြုအမူတခုကနေ တခြားတဘက်ကိုရွှေ့ဖို့မလွယ်ကြောင်းကိုပြောလိုရင်းဖြစ်သည်
အမှတ်တွေအများကြီးနဲ့ဆယ်တန်းအောင်ပြီး သမိုင်း
ဝါသနာပါသော်လည်း
ဆရာဝန်ဖြစ်ဖို့ဆိုသည့် ပတ်ဝန်းကျင်၏
ဩဇာကြောင့်ဆေးကျောင်းတက်
ဖြစ်သွားတာကို bandwagon effect ကြောင့်ဆိုနိုင်ပါသည်
အထိုင်ကျနေသည့် အတွေးအခေါ် အကျင့် အပြုအမူတခုကနေ
နောက်တခုကိုကူးရာမှာ bandwagon ၏ graph အရဆိုလျှင် ၇၀% အထိ
ပြောင်းသွားဖို့လိုသည်။
လဘက်ရည်ဆိုင်A နာမည်ကြီးရာကနေ B တဆိုင်ပေါ်လာလျှင်
နဲနဲတော့လူပေးလိုက်ရမည်ပင် နဲနဲကနေ များသွားရာက
လူတရာမှာ ၇၀ က ဘီဘက်ရောက်လျှင် မျှခြေအထိုင်ကတဖြည်းဖြည်းတခြား
အစွန်းတဘက်ကိုတွန်းပြီး ဆိုင်အေ ပြုတ်သွားတတ်သည်။
လေးလုံးစပ်ကနေ ခေတ်ပေါ်ကဗျာအရွေ့မှာလည်းဒီသဘောအနဲနဲ့အများမြင်သာသည်။
ဒါကလူတွေရဲ့ လူမှုအရွေ့ (Social Dynamic) ဖြစ်ပြီး Game Theory ၏ဆရာတဆူ
ဖြစ်သည့် TC Chelling ၏ Tipping Point အယူအဆလည်းဖြစ်သည်။
ပြန်ကောက်ရလျှင် အပြစ်ပေးခံရနိုင်သော်လည်း အခြားမျှခြေ တခုကိုသွားဖို့
လူ၁၀၀မှာ ၄ ယောက်ကတော့လှုပ်မည်
သူတို့အတွက် အချိန်လေးနဲနဲပေးနိုင်လျှင် ယုံကြည်မှုက အနဲဆုံး၉ ယောက်ကနေ ၂၂ ယောက်ထိ
ဆွဲတင်မည်။
ဒီကတဆင့် ၂၂ ကနေ ၇၀ကိုဘယ်လိုကူးမလဲ
အမှတ်များတခုပြီးတခုအကူးတွင်သီအိုရီနှင့်အတူ နည်းနာတွေလိုမည်
မဟုတ်လျှင်အဓိပ္ပါယ်များပျောက်သွားတတ်သည်
ဆိုသော် ပုန်းနေသောအဓိပ္ပါယ်တွေများလား

ဆက်ပါဦးမယ်

No comments:

Post a Comment