Sunday, February 22, 2009

ဖြတ်စများ ၂

မရည်ရွယ်ပဲ
အရင်တခေါက် ဆိုင်လေးကိုရောက်သည်
Jig 71 နာမည်အဆန်း မီးရောင်အနွမ်း ဂီတအလွမ်း
အားလုံးအရင်လိုပင် တခေါင်းလုံးကောက်ထားသည့်
ရွှေရည်သိမ်းသစ် ကလေးမတယောက်သာ
ခုတခေါင်းလုံးဖြောင့်ရက်သား
စိမ်းသောဘ၀သည် သူ့တီရှပ်မှတိုးမထွက်သာငြား
ဆလပ်ရွက်နှင့်တူနာငါးသုပ်အစပ်
ရေများရေနိုင် မီးများ
ဆိုင်ကယ်တက္ကစီတွေဝဲလာပြီး ဘေ့စ်သံတွေစဲလာသည်
ကိုယ်သည်စိမ်းမြေတွင်မှမဟုတ် ယိမ်းလေ့မရှိ
ကိုယ့်မှာ လှစ်ကနဲ ကြယ်အသစ်များ
အရိပ်တို့ကညမီးလုံးတို့ကိုဖွက်ထားလိုက်သည်
အမှောင်သည်ငြိမ်သက်နေရာမှအပျင်းတချက်ဆန့်လိုက်ရာ
သစ်ကိုင်းများလှုပ်ရမ်းလာပြီးအသံ
စန္ဒယား၏အနက်ရောင်ခလုတ်များတွင်နစ်ဝင်သည်
မန်းတောင်ရိပ်ခို နှင့် လေထဲကဖုန်မှုန့်များ ၏
အဖွင့်တေးသွားဖြစ်လာသော်လည်း
နှိုးစက်သံမှန်လျှင် ရန်လိုသည်သာ
ဒါကပဲ အင်အားအဖြစ် နေ့သစ်ကိုဖျော်ဖြေရန်ဖြစ်လာ။
ချစ်လျှင်ထို့အတူ ပျော်စရာလျှင်လောဘဖြစ်၏
မုန်းလည်းသဘောတူ ၀မ်းနည်းစရာကားဒေါသဖြစ်၏
မသိသေးဘဲကိုယ်ရဲရာ မောဟကိုယ်မှာမိုက်၏
သင်ပျော်စွာ ကျင်လည်ရာသံသရာကိုသင်တကယ်မခန်းခြောက်ပဲ
ဘယ်သို့သော ဥါဏ်ပညာကိုလိုအံ့နည်း
လောကဓံသည် ရှေးမဆွကရှိခဲ့သည့် Buy one Get one free တရား။

KZကေ

5 comments:

  1. Blogတခု လုပ်လိုက်သောအခါ အဲဒီလို
    ကောင်းတာတခုက မေငြိမ်း ယူသုံးလို့ ရသွားပြီဖြစ်ကြောင်း
    ကဗျာများကို ကျောဇောခိုင်၏....
    ကျေးဇူးတင်ကြောင်း.. မည်သို့ဆိုစေ...

    ReplyDelete
  2. ဗိုဒါဖုန်း လိုရာသုံး ပေါ့
    ကျေးဇူးပါခင်ဗျာ

    ReplyDelete
  3. စက်နိုးတယ်ဆိုရင်တော့ ကားမောင်းထွက်ဖို.လို. တွေးလို.ရသေးတာပ။
    နိုးစက်ကတော့ တယ်ဆိုးသကိုး။
    မျက်လုံးနှစ်လုံး ဖွင့်လိုက်ပြီဆိုရင်
    “နပိုလီယံကတော့ ပြောခဲ့ဖူးသည်..
    နောက်ထပ်နာရီဝက်လောက်များ..
    အချိန်ပိုရခဲ့ရင်..”
    မိမိအတွက်တော့..
    သမိုင်းမသစ်နိုင်မည့် အတူတူ
    အိပ်ရေးပိုပြီး...
    ဝပေလိမ့်မည်..။

    ReplyDelete
  4. This comment has been removed by a blog administrator.

    ReplyDelete
  5. အော်နပိုလီယံကြီးလည်းစီးပွားပျက်ကပ်ကြုံဘူးတာကိုး
    အချိန်ပိုသူဆင်းချင်တိုင်းဆင်းလို့မရရှာဘူးပဲ

    ReplyDelete