Sunday, April 4, 2010

တိုင်းပြည်ထောင်အေးစေကြောင်းသွန်းတဲ့အတာရေ

စီးကရက်နှင့်မြည်းခဲ့သော ရော့ခ်အင်ရိုးလည်းအသွားတုံးပြီ
ပြဿနာကငါစိတ်ထဲရှိတဲ့အတိုင်းမရေးရဲတာပဲ
ဒီနေ့တော့ လေသေနတ်ဆွဲပြီး ရှော့ပင်းမောထဲသွားတယ်
ဆိုနီ ဘရာဘီယာ ကိုချိန်ပြစ်လိုက်တာ
ပြဿနာ ကခင်ဗျား ဘရာစီယာလို့ဖတ်ဖြစ်သွားမှာပဲ
ငှက်မွှေးတွေတဖြန်းဖြန်း
မနှစ်နွေက သစ်ရွက်တွေသေပြီး သုံးမရအောင်ပျက်ကျလာတဲ့အတိုင်းပေါ့
ပြဿနာမဟုတ်ပေမဲ့ ငါအသက်ကြီးလာတာ ဖက်တာတခုပေါ့
ငါတော့ခုနှေးနှေးတွေးပြီး သေချာအောင်လုပ်ချင်တယ်
နှစ်တရာ ပြက္ခဒိန်ကြည့်ပြီး မွေးနေ့မှာ ဂြိုလ်တိုင်ကိုရေလောင်းချင်လာတာများလား
သို့ပေသော်ငြား ခေတ်ကြီးကမစောင့်တော့ဘူးလား
ငါနဲ့ယဉ်ပါးသော
မျှော်လင့်ခြင်းတောင်းထဲမှာနေလောင်သစ်သီးများပုတ်ကုန်ပြီလေခေတ်တုန်းကတောင်ငါ့ကိုမစောင့်ခဲ့သေးတာ
ခုလို ထူးလည်းထူးတယ် ရူးလည်းရူးတယ် တို့ကိုကြီးကျော်မှာ
ဘယ်လိုက ရပါ့
အချိန်ဟာ ဟိုလိုလိုဒီလိုလို
အချိန်ဟာ သောင်္ကြာလိုလို စနေလိုလို
အချိန်ဟာ စက်ပေါ်မှာတက်ပြေးနေရမလို နှစ်ပက်လောက်ရေမရောဘဲချောလိုက်ရမလို
အချိန်ဟာ အမြဲတမျိုးမျိုးလိုလို
ငါသိသမျှဟာ ငါမှားတာပဲ
ခုတော့ငါသိသမျှဟာ ငါမှားတာပဲလို့ ငါထင်တာမှားပါစေဆုတောင်းရတော့မှာပဲ
ငါ့အသိတွေဟာ အပစ်ပဲ
ငါဟာ ကံ ဥတု စိတ် အဟာရ အကြောင်း
ငါဟာ လေဟာနယ်နဲ့ရေကိုဆူပွက်ဖို့ ၁၀၀ ဒီဂရီမလိုတဲ့အကြောင်း
ငါဟာ ဟိုးမားနဲ့ ထာဝရဘုရားသခင်ကိုနာရေးကြော်ငြာတဲ့ နစ်ရှေးနဲ့
ငါဟာ အဘီစစ်နဲ့ ရှပ်နီနဲ့
ငါဟာ အခြေခံဥပဒေနဲ့ အပေါ်ထပ်အဆောက်အအုံနဲ့
အားလားလား
ငါဟာ တရားမျှတမှုနဲ့ လက်တွေ့ကျမှုနဲ့
ငါဟာ ငါ့အတွက်လို့ရိုးရိုးမတွေးတတ်လောက်အောင်
ထုံအခဲ့တာပဲ ခံပေါ့ ရှုပ်ထွေးခဲ့တာပဲ
ခုတော့ သုံးချက်တွက်ရှေ့ဖြစ်ဟောဆရာများနဲ့
ဒီပုပ်ထဲက သွေးမထွက်တော့တဲ့ ဒီပဲတွေကတောင်
နိုင်ငံရေးဆိုတာ ဘာညာ… ထားတော့…
ပြဿနာက ငါခုရေးသမျှအားလုံးပဲ။

KZကေ

4 comments:

  1. အင်းးးးးးးးးးးးး
    သမိုင်းဆိုတာ ကိုယ်ဖြစ်စေချင်သလိုဖြစ်နေတာမှမဟုတ်တာပဲ ၊ ခေတ်ကြီးကိုဖြတ်သန်းနေတဲ့လူတွေရဲ.လုပ်ရပ်တွေအတိုင်းဖြစ်နေရတယ်လို.ပဲထင်ပါတယ် ။ ကျွန်တော်ထင်တာ မှားချင်မှားမယ် ၊ မှန်ချင်လည်းမှန်မယ် ။ ဘာဖြစ်လို.လဲဆိုတော့ ဒါဟာ ထင်မြင်ယူဆချက်တစ်ခု ဖြစ်နေလို.ပဲ ။
    ကျွန်တော်ကတော့ "ယောနိသော မနသီကာရ" ဆိုတဲ့တရားကိုပဲ သဘောကျနေမိတော့တယ် ။

    ReplyDelete
  2. သမိုင်းအကြောင်းပြောတာထက်စာရင်
    ပထ၀ီအကြောင်းပြောတာကပိုကောင်းမယ်ထင်ပါရဲ့
    ဓါတ်ကြီးလေးပါးပေါ့ ပထ၀ီ တေဇော အာပေါ ၀ါယော လေ
    ကျနော်ကတော့ အာပေါ ထဲပါမယ်ထင်ပါရဲ့ဗျာ
    ဘာမှမလုပ်ပဲ လေပစ်နေတာကိုး
    ခင်ဗျားပြောတာ အနတ္တ ထင်ပါရဲ့ ကိုယ်ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာလေ
    ဒါကတော့ မငြင်းရဲပါဘူး ကိုယ့်ဆရာရေ
    သင့်တင့်လျောက်ပတ်အောင်နှလုံးသွင်းနိုင်တာတော့ကောင်းတာပေါ့
    သင့်တင့်လျောက်ပတ်မှုများမရှိခဲ့ဘူးဆိုရင်တောင်မှလေ
    ခုလိုရေးတာကိုပဲ တကယ့်ကိုကျေးဇူးတင်လှပါပြီ
    နောက်ဆက်ပြောကြတာပေါ့ဗျာ

    ReplyDelete
  3. ပြဿနာက ခင်ဗျားသိသမျှ မှားတာပဲလို့ ခင်ဗျားထင်နေတဲ့အထင်ဟာ မှားပါစေလို့ ဆုတောင်းမယ်ဆိုတာ ခင်ဗျားမှားတာပဲဗျ။ ဟဲဟဲ

    ReplyDelete
  4. ဆရာသွေးပါလား မန့်ချင်ရင်ရိုးရိုးမန့်ပါဗျ
    ဘာလဲဗျ ဟဲဟဲ ဆိုတာ
်အခြားပို့ချစရာများရှိရင်လည်း အတည်ပေါက်လေး ဘာလေးလုပ်ပါဦး
    ကျနော် ကဘာမန့်မှမဖတ်ရရင်သာ စိတ်ပျက်မိတာ
    ကျန်တာကတော့ စာဖတ်သူများအသံကြားရလေ ကောင်းလေပါပဲ
    ကဲ နောက်တခါရောက်ရင် အခြားပို့စ်များမှာလည်း နဲနဲတော့ ရေးလဗျာ

    ReplyDelete