Sunday, March 28, 2010

ပိုမို ဟာဝေးနေသေးလား

ကိုမူ

ခင်ဗျားနဲ့မတွေ့ဖြစ်တာတောင်ကြာပြီ။
နေထိုင်ကောင်းတယ်မလား။ ကျနော်လည်း မတ်လနေရောင်မှာငေါင်တောင်တောင်နဲ့ပါ။
ခင်ဗျားလည်းကြားမှာပါ။ ရွေးကောက်ပွဲဥပဒေတွေထုတ်လိုက်တာကို။
တကယ်တမ်းကျနော်စာရေးဖို့ကချိန်နေတာကြာလှပေါ့။ အညာဘက်သွားပြီးပြန်လာကတည်းကရေးချင်တာ။
ပြီးတော့လည်းမေ့မေ့ပျောက်ပျောက်ပေါ့ဗျာ။
ခုဒီဥပဒေတွေထွက်လာတော့ ခရီးသွားတုန်းကကြုံလို့စကားပြောဖြစ်ခဲ့တာတွေသတိပြန်ရလာပြီး
စိတ်ကောင်းဝင်နေတာလေးမပျောက်ခင်စာရေးလိုက်ရတာပဲ။
ဒီလိုဗျ၊ ကျနော်နယ်ရောက်တုန်း ဒေသခံလူငယ်တချို့နဲ့စကားပြောဖြစ်ခဲ့တယ်။
ဘယ်ပုံဘယ်လိုဆက်စပ်တဲ့အကြောင်းသာပြောရရင် တရုတ်သိုင်းဝထ္ထုတွေလို အခန်းဆက်ဖြစ်မှာမို့လိုရင်းကိုပဲပြောတော့မယ်။
ခင်ဗျားနဲ့ဆွေးနွေးတဲ့ ပို့စ်မော်ဒန်အကြောင်းတွေအဓိကပြောဖြစ်ကြတယ်။
သူတို့လည်းစာဖတ်နှံ့စပ်ကြပုံပဲ၊ ပို့စ်မော်ဒန်ဂုရုကြီးတွေအကြောင်းနဲ့သူတို့အယူအဆတွေ
ထပ်သိချင်ကြသေးတယ်လို့ပြောတယ်ဗျာ။
ကျနော်လည်းကိုယ်မတတ်နိုင်တဲ့ကိစ္စမို့ ခင်ဗျားနဲ့ဖုန်းရရင်ဒီအကြောင်းပြောပြမယ်လို့ပြောခဲ့တယ်။
ကျနော်သိထားတာက ခင်ဗျားကဒီပို့စ်တွေပြီးရင် Postmodern Politics အကြောင်းကူးချင်နေတာမဟုတ်လား။
ဒီမယ် တယောက်ကဘာထောက်သလဲဆိုတော့ ပို့စ်မော်ဒန်ပိုလက်တစ်စ်ကနဲနဲလှမ်းနေပါသေးတယ်တဲ့
ကျနော်တို့နဲ့အနီးစပ်ဆုံး လက်ရှိကိုယ့်နိုင်ငံအခြေအနေတွေနဲ့ဟပ်မဲ့ဟာလေးတွေ ခင်ဗျားနဲ့ဆွေးနွေးပြီးပြန်ရေးပါလားဆိုတယ်။
ကျနော်လည်း ကောင်းလှပါပြီလို့တော့ပြောခဲ့မိတယ်။
ခင်ဗျားအားရင်တရက်လောက်တော့တွေ့ကြရအောင်လေ။

ခင်မင်စွာ
ကိုလူ

KZကေ

No comments:

Post a Comment