Tuesday, March 9, 2010

ကျားနှစ်မတိုင်မီ၂၀၁၀ (၆)

ကဗျာဆရာရဲ့လူမှုအတွေ့အကြုံကိုကဗျာထဲမှာခုလိုတွေ့ရပါတယ်
အဆင်မပြေဘူး၊ ဘ၀ရပ်တည်မှုအတွက် လုပ်ချင်တာလုပ်ခွင့်မသာဘူး၊
လူဟာအပေါစားဆန်ဆန်ရှင်သန်နေရတယ်၊
ဒါဟာ မြို့ပြလူနေမှုဘ၀မှာ တွေ့ရခဲတာမျိုးမဟုတ်တော့။ ယေဘူယျပုံစံလိုဖြစ်နေပါပြီ။
သူတယောက်ထဲမှရွေးဖြစ်နေတာမဟုတ်ပါဘူး။ ရက်ရက်စက်စက်ပြောရရင်တော့ အဆင်မပြေငြီးချင်းတွေ
ကိုယ်ပိုင်လက္ခဏာေ၀၀ါးမှုတွေဆိုတာက ဓါတ်ပြားဟောင်းတွေပါ။
ခုလိုအကြောင်းအရာပိုင်းဆိုင်ရာ ဟောင်းမြင်းမှုထဲကနေ ကဗျာဆရာဟာ
စေတီပေါ်စကားအဟောင်းတွေမပြောမိခဲ့ခြင်းပဲ ဆိုတဲ့အရေးအသားနဲ့ရုန်းလိုက်ပါတယ်။
ဒီရုန်းထွက်မှုဟာ ကဗျာကပေးချင်တဲ့အတွေးအခေါ်ပိုင်းကိုပါသက်ရောက်မှုရှိခဲ့တယ်လို့
ကျနော်ယူဆမိပါတယ်။ ဒါဟာ နောက်ဆုံးပိုဒ်နဲ့ဆက်စပ်ပြီးမှရတဲ့ကောက်ချက်လည်းဖြစ်ပါတယ်။

“အတွေးနက်မှုထဲ
ငါ့ကိုစောင့်ကြည့်နေသောနတ်များက ရပ်လို့”

ကဗျာဆရာတွေးနေတယ်။ တော်တော်ကြာကြာကိုတွေးနေပါလိမ့်မယ်။
အတွေးနဲ့၊ဘ၀နဲ့၊ ဒါဏ်ရာနဲ့၊ ဒုက္ခနဲ့ လုပ်နေတာတွေနဲ့ လုပ်ချင်တာတွေနဲ့ ငဲ့စရာတွေနဲ့
ရင်းစရာတွေနဲ့ ငါလည်းတဘ၀လုံးထိုးသွင်းပြီးရင်းခဲ့တာပဲ မလုံလောက်သေးဘူးလား
အတိတ်ကိုတွေးလိုက် လက်ရှိအချိန်ကိုပြန်လာလိုက် နဲ့ သေသေချာချာကြည့်တော့
ကဗျာထဲမှာပျောက်နေတာ အနာဂါတ်ပဲ။ အနာဂါတ်ပျောက်နေတဲ့ မရေရာတဲ့ အတွေးနဲ့
ကဗျာထဲကဇတ်ကောင်ဟာ ဝေခွဲမရဖြစ်နေတယ်။
အဲသလိုဖြစ်နေတဲ့ဆုံးဖြတ်ရခက်မှုဟာ စောင့်ကြည့်နေတဲ့ နတ်ဒေ၀ါများဆီကိုပါကူးစက်လာခဲ့တယ်။
နတ်တွေလည်းဘာလုပ်ပေးရမှန်းမသိဘူး ရပ်တန့်နေရတယ်ပေါ့။

ကဗျာခေါင်းစဉ် "ဆုတောင်း" ဟာ ကာလတရားထောင့်ကကြည့်ရင်အနာဂတ်ကို အကောင်းဘက်က
မျှော်လင့်ဖို့ ကြိုးစားကြည့်တာပါ။
ဒါပေမဲ့ ကဗျာဆရာ စေတီပေါ်မှာ တောင်းဆုတွေယူခဲ့သလားဆိုတာတော့ဖြင့်
ကျနော်တော့ဖြင့်သေချာပေါက်မပြောရဲပါဘူး။
ဒီမသေချာမှုကပဲဒီကဗျာကိုခံစားမှုရေးဖြစ်စေတဲ့အဓိကတွန်းအားတခုဖြစ်ခဲ့ပါတယ်။

ဆုတောင်း
ဟိန်းမြတ်ဇော်

အတိတ်တွေရှိခဲ့သလား
စီးလာတဲ့ကားကရှေ့ဆက်မတက်နိုင်တော့ဘူး။
ဒီတနှစ်လုံးအရသာအရှိဆုံးက ဘာတုန်း
စေတီပေါ်စကားအဟောင်းတွေမပြောမိခဲ့ခြင်းပဲ။
လမ်းခုလတ်
မြို့ရဲ့ခေါ်သံက ငါ့အဓိပ္ပါယ်ကိုဖွင့်ဆိုမှုလွဲခဲ့
လွဲခဲ့ခြင်းတွေက မိုးပျံပူဖောင်းတစ်လုံးလိုထောင်တက်ခဲ့။
အတွေးနက်မှုထဲ
ငါ့ကိုစောင့်ကြည့်နေသော နတ်များက ရပ်လို့…..။

ချစ်ခင်စွာ
KZကေ

2 comments:

  1. ကဗျာရော၊ ခံစားမှုရော ကူးယူသွားပါသည်။

    ဇာတ်သိမ်းမှာ ကဗျာကို ဖတ်ရတော့ ဇာတ်ရည်လည်သွားပြီ။ ကဗျာကို အရင်ဆုံး တင်ရင် ကောင်းမလား မသိ။ ကိုယ့်ဖာသာ တွေးချင်းတာ တွေးထား၊ အကိုရေးတာလေး ဖတ်လိုက် လုပ်လို့ရတာပေါ့။

    ခင်မင်လျက်

    ReplyDelete
  2. ကဗျာအရင်တင်တာပိုကောင်းပါတယ်
    ကျနော်ကတော့ကိုယ့်ခံစားမှုကိုရေးတာဖြစ်ပြီး
    တင်ပြပုံကိုလည်းငဲ့တာကြောင့်ခုလိုပဲရေးဖြစ်သွားပါတယ်

    ReplyDelete