Saturday, April 9, 2011

မြိုင်ကံ့ကော်ခရုပတ်လည်တံသွယ်

သန်းကောင်ထက်မနက်သောညထဲ မြိုင်ကံ့ကော်အကြောင်းပြောရလျှင် ရဲဝံ့စွာပွင့်ကြဖို့ပင် ဖြစ်နိုင်ခြေဟာနည်းသွားလား များလာသလား နှစ်များနှင့်အခြားနှစ်များ တိတ်ဆိတ်စွာမြည်သံပြု ခရုပတ်လမ်းထဲ စားဝတ်နေမှုကို ၀င်္ကပါဆိုရင်ဖြင့် ၀င်းမှည့်လာသောတံတားအောက် စီးဆင်းမြစ်ရေစမ်းကိုလည်းမခမ်းခြောက်စေ သာတောင့်သာယာ နေ့တနေ့ဆိုသည်မှာ ပန်းပွင့် လေညင်း သက်တန့် အစရှိသည်တို့သက်သက်မျှသာမဟုတ် သင်၏ ပူးပေါင်းအားထုတ်မှုလည်းလိုအပ်သည်သာ နေရောင်အစိမ်းသည် ဘဲလေးကချေမယ်၏ ပေါင်တံအလား မြက်ခင်းပေါ်ကျော့ရှင်းစွာဆင်းသက်ခဲ့ပေပြီ ကန်ရေပြင်ဝယ် ငွေငန်းဖြူပြေလျှော့လည်တံသွယ် ကျန်ရှိနေသေးသော သဘာဝအလှအပနှင့် လူ့ဘ၀ကို လွတ်လပ်စွာ တွေးခေါ်ခံစားရန် ကြွေကနုတ်အိုးမှ ပန်းပွင့်ရုန်းအထ လောကနှင့်ငါ့ရင်တွင်း ငါ့သီချင်းဟာဘယ်ကိုစီးဆင်းလေမလဲ။ KZကေ

2 comments:

  1. အေးဗျာ..............သန်းခေါင်ထက်မနက်ဖူးဆိုတာသိနေပေမယ့်လည်း....သန်းခေါင်မရောက်သေးတာလား....သန်းခေါင်ကိုကျော်ဖြတ်သွားပြီလား........မတွေးတတ်တော့တာအမှန်ပါ ။ "သင်၏ပူးပေါင်းအားထုတ်မှု"တဲ့လား....ကဗျာဆရာမောင်ချောနွယ်ရဲ."မစဉ်းစားခြင်းသေတ္တာဟာ...လေချွန်ပြီးနေလေရဲ."ဆိုတဲ့ စကားလုံးတွေကိုပဲပြန်ကြားယောင်လာမိတော့တယ် ။
    ဒီလိုနဲ.ပဲ....နှစ်များ၊ နောက်ထပ်နှစ်များ.....များ...များ...။

    ReplyDelete
  2. အင်း ကွန်မင့်လေးတခုရဖို့ ဒီတပတ်လုံးစောင့်စားခဲ့ရပါတယ်
    ရပြန်တော့လည်း လေချွန်သံနဲ့တွေ့ရတယ်
    ကြွေပန်းအိုးထဲကရုန်းထမဲ့ ပန်းပွင့်လေးဟာ ဘားရက်တီတူးအေလည်းဖြစ်နိုင်တာပ။

    ReplyDelete