Wednesday, April 28, 2010

မျှော်နေ နွေလမ်းမဟိုအဝေးဆီ

လွမ်းတာကပဲပျော်စရာကောင်းလိမ့်မယ်
မင်းကိုငါအစကပြောခဲ့တယ်မဟုတ်လား
မနေ့ကဖုန်းဆက်တော့ အဖေ့ကိုကားပြန်ရောင်းခိုင်းလိုက်တယ်
ဘဂ္ဂဒက်မှာဆိုဗုံးတင်တဲ့ကားမျိုးက
ငါတို့ဆီမှာတော့သိတဲ့အတိုင်းပဲ လမ်းထိပ်ကင်းတဲကအဘိုးကြီးပြောသလိုဆို
သောက်ကျိုးဟာနဲပဲနဲနိုင်လွန်းတယ်ဆိုတာမျိုး
ဒီနှစ်အရမ်းပူတယ်တဲ့
အိပ်ခန်းကလောကဓါတ်ပညာငါးသိန်းဖိုးလောက်လိုတယ်ပြောနေတယ်တဲ့
ငစိန်ဖြစ်ဖြစ် ပေါ်ဆန်းမွှေးဖြစ်ဖြစ် ဆန်ညိုဖြစ်ဖြစ် မစ်ဆူဘီရှီဖြစ်ဖြစ်ပါတဲ့
နွေခေါင်ခေါင်မှာလေကိုအေးအောင်လုပ်ရတာ ဟုတ်တယ် ဘယ်လွယ်ပါ့မလဲ
မီးမလာတော့လည်း ငြိမ်ငြိမ်လေးထိုင်ပြီး ယပ်ခတ်ကြတာပေါ့တဲ့
ငြိမ်ငြိမ်လေးထိုင်နေနိုင်ဖို့လည်းလိုဦးမှာလို့ဖြည့်တွေးမိသေးတယ်
လမ်းကကားဘီးကိုလှမ်းဟပ်တယ်
ကျွီ ……. ကနဲအသံကြောင့် စန္ဒယားသံကလန့်ပျံတယ်
ငါကတော့ငါကြားတဲ့ဘင်သံကိုပဲနားထောင်တော့မယ်
နှင်ဆီပန်းတွေညှိုးနွမ်းနေချိန်မှာ
တောအုပ်တွေအတွက်ငိုကြွေးတမ်းတနေဖို့အချိန်မရှိဘူးစတိုင် လို့ခင်ဗျားဝေဖန်လေမလား
ကျောင်းတုန်းကချင်းမဆိုင်ထရံမှာကပ်ထားတဲ့ သေနတ်များနဲ့နှင်းဆီပန်းများ
ဒိုးလုံးသီချင်းကြော်ညာနဲ့
အမှန်တရားဆိုတဲ့ လည်ပင်းလှလှပေါ်က မင်းခုန်ချတော့လေဆိုတဲ့
လှိုင်အေးကိုသတိရမိသေးတယ်
ကိုယ်ရေးကိုယ်တာတွေမဟုတ်ရပါဘူးဗျာ
ယနေ့ရတဲ့အီးမေးတစောင်ထဲမှာ
အွန်လိုင်းနိုင်ငံရေးသိပ္ပံမဟာ
အမေရိကန်နိုင်ငံခြားရေးပေါ်လစီ
အတ္တလန်တိတ်ဟိုဘက်ဒီဘက်ဆက်ဆံရေး
ပထ၀ီနိုင်ငံရေး လစ်ဘရယ်ဝါဒသမိုင်း ……
နာရီကြည့်လိုက်တော့ မနက်စောတုန်းပဲရှိသေးတာမို့
ငါလည်း ဗြိတိလျှလို မင်းဘာသာမင်းပဲအဆင်ပြေအောင်နေပါ
ဆိုတဲ့အဓိပ္ပါယ်မျိုး ခပ်တိုးတိုးဆဲမိတယ်
ငါဟာသေစာရှင်စာထက် ၂ဆခွဲလောက်ပိုတတ်နေပြီပဲ
တော်ပြီပေါ့
ကျောင်းဝင်ကြေးတွေက ရန်ကုန်မှာလိုစောက်ရမ်းတွေဟ
ကြိုးကြာရေ နင်လစာတိုးရင် ဂျပန်ထီးတလက်လောက်ဝယ်လိုက်
ပြီးတော့ ရိုးရာမပျက်အောင်
ငါတို့ မိုးအရွာစောဖို့လွန်ဆွဲကြတာပေါ့၊

KZကေ

5 comments:

  1. heart touching poem. I really like it.
    Thanks,

    Saung Yune La

    ReplyDelete
  2. ကဗျာက ကောင်းလှပါလားဗျ ။ စောက်ကျိုးနည်းဗျာ ။ ဒီလောက်ကောင်းတဲ့ကဗျာတွေရနေတာ မနာလိုဖြစ်လာပြီနော်.....။ တွေ.မှပဲ ကျားတစ်ကောင်လောက် ဖမ်းပေးခိုင်းရမယ် ။ ဟဲဟဲ....

    ReplyDelete
  3. ကဗျာရေးဖြစ်တာ၊ ကဗျာကောင်းကောင်း ရေးဖြစ်တာ၊ အထူးသဖြင့် ကျွန်တော် နားလည်တဲ့ ကဗျာကောင်းကောင်း ရေးဖြစ်တာ ဝမ်းသာပါတယ်။

    ReplyDelete
  4. ဒီကဗျာကျမှပဲ ကျမစိတ်ထဲ ကျော်ဇောခိုင်ကို ပြန်တွေ့တော့တယ်..။ (ကျမ နားလည်လာတာကို ပြောတာ :P)

    ReplyDelete
  5. နားလည်တာနဲ့ပါတ်သက်လို့ ဆရာအဆင့်ရှိသူများက
    ရေးခဲ့ဘူးကြပါတယ်
    ကျနော်ကတော့ကောင်းတယ်ပြောပြီးရင်ကျန်တာဘာပြောပြော
    ရပါဒယ်
    =)

    ReplyDelete