Sunday, August 9, 2009

ညအလင်း

လှေကားထစ်တွေများ
မင်းကိုဘယ်သူကပြေးစေချင်မလဲ
ခုလိုမိုးရွာတဲ့နေ့များမှာ

မီးလျှံကတိမ်ဆီကိုသွား
မီးရောင်ကရေဆီမှာကစား
ဝဲလှည့်နေတဲ့လူအုပ်ကြီးထဲမှာ

အိပ်ရန်ခက်ခဲတစ်ည
လေဟာဖရောင်းသားကိုမညှာတာဘူး
ပြူတင်းတံခါးကိုခါတယ်

ကျောက်တိုင်သားထုကြီးမားတင်းမာလှ
ငှက်မွှေးလေးတမျှင်ပမာ
လျှင်သောနေ့တွေထဲ
ကိုယ့်ကိုပူလောင်ရန်နေဟာလွင့်လာလျှင်

ဂီတအနှေးလှည့်လည်နေ
သန်းကောင်ယံအမှောင်မှာလင်းနေ။


ညအလင်း
KZ ကေ

No comments:

Post a Comment