Tuesday, July 28, 2009

ဥါဏ်နှင့်အိပ်မက်တွင်အရောင်ရှိသလော

ကိုလူသွေး

ခင်ဗျားစီဗုံးထဲမှာရေးသွားတဲ့မှတ်ချက်လေးကြည့်ပြီးတော့
ကျနော်လည်းပြန်ရေးချင်နေတာကြာပါပြီ
ဒါပေမဲ့မရေးဖြစ်ဘူး။ ကိုယ်ကြိုက်တဲ့ web လေး blog လေးတောင်နပ်မှန်အောင်
မကြည့်အားတာပါ။
မအားတဲ့ကြားကပဲ ပြည်တော်ပြန်ခဲ့သေးသဗျ။
မကြာဘူးဆိုပေမဲ့လည်း ဒီလိုပေါ့လေ။
ချစ်သော မြို့ဟောင်းကြီးရဲ့အနံ့ကိုပြန်ရှုရတာပေါ့။
၃ညအိပ် ၄ရက် ခရီးမှာပြောချင်တာလေးတွေတွေ့လာခဲ့တယ်။
သိပ်မထူးထင်တာနဲ့ဘာမှမရေးဖူးနေဖို့ပါ။
ခုတင်ပဲစာတပုဒ်ဖတ်မိတာနဲ့ နဲနဲရေးဖို့ဆန္ဒရှိလာတယ်။
အင်း နိုင်ငံရေးနဲနဲပါမလားမဆိုနိုင်ဘူး
ကျနော်လည်းအမူးပြေတော့ ဟိုကောင်တာထောင့်က ၀ီစကီလေးဘယ်ဈေးပါလိမ့်
လှမ်းကြည့်သလိုများဖြစ်နေသလားလို့တွေးမိသေးတယ်
ကျနော်စဉ်းစားဦးမယ်ဗျာ။ ရေးလို့ကောင်းမကောင်း။
အလားကားနေရင်းလည်းခင်ဗျားတို့မုန်းတာမခံချင်ဘူး။
ခနတော့အချိန်စောင့်ပါဗျာ။
ရေးဖြစ်ရင်တော့ဖတ်ပြီးစိတ်ရှည်စေချင်တာပါပဲ။

ချစ်ခင်စွာ
KZ ကေ

No comments:

Post a Comment