Friday, July 15, 2011

ဆိုဖာ

ဘာအမျိုးအစားပါလိမ့် ဒီသင်္ခါရ သေလျှင် စိတ်ဝင်စားစရာမရှိတော့
ပြူတင်းပေါက်ကိုကျောပေးလိုက်တော့ ကိုယ်တော့
ဒီအင်အေဆိုလား ဇီဝအင်ဂျင်နီယာပညာ ပဲအားကိုးတော့မယ်
လူသားရဲ့အသိဥာဏ်ဟာမပြည့်စုံသေးတော့ တကယ် ဘယ်သူ့ကိုမှလည်း မယုံချင်တော့
ကိုယ်ဟာ သစ်ရွက်နဲ့အရှက် ပေါက်ဆိန်နဲ့အသက်ကို သမိုင်းဦးဘုံမြေစံနစ်ကစပြီး သိတယ်
ခုဒိတ်ဒိတ်ကျဲ အရင်းခေတ်ကြီးရောက်တော့ ဖက်ရှင်ကောင်းရင် အိုင်ပက်ရှိရင် ဘဇူကာရှိရင် ၄၂လက္မရှိရင် ဗီဇာနဲ့မာစတာ ရှိရင် ဘ၀ဟာနေသာထိုင်သာပဲဆိုပြန်တော့ ပြန်တွေးမိတော့ ရယ်စရာပါ
ကြိုးမဲ့ အိစက်စက်အတွေ့အထိဟာ အ၀အပြဲ စဉ်းစားစရာ နာရီချိန်သီးနဲ့ကားဝိုက်ဘာ
ကိုယ်လား ကျည်တောက်အကောက်မတွေ့လို့ အမြီးကို ဘာနဲ့မှမစွပ်ဖြစ်တော့
အ၀ါဆိုရင် ပြင်ချင်တဲ့ ၀ါကျတွေကိုချယ်သဖို့ ပိတောက်ပန်းပဲ
နှစ်သစ်ကူးမှာ နွမ်းသွားတဲ့နေကြာပန်းပဲ (ဗင်ဂိုးဆိုတာဘယ်ကသူငယ်လည်းကွဲ့)
ဒီတော့ ကိုယ့်ကိုကိုယ်လည်းနားချပါတယ် ရှဥ့်လည်းပစ်သာ ပျားလည်းဖွပ်သာ ဆိုမကောင်းလား
သက်တောင့်သက်သာလေ၀င်လေထွက်နားနားနေနေလျှပ်ပေါ်လော်လီ
ထိုင်ပါ
ကဲ ဘာသောက်မလဲ ဘာဖြစ်ချင်သလဲ ချယ်နယ်၄၀၀ကျော်ရှိတယ် အိုဗာတင်းရှိတယ်
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ရှိတယ် ကာမဂုဏ်ကိုထုံဆေးပေးဖို့မဟုတ်ဘူး
ဝေဒနာကိုကြည့် ဒါဏ်ရာကိုမကြည့်နဲ့ ခင်ဗျားကို တရားချနေတာလည်းမဟုတ်ရပါဘူး
အသက်ရှင်ဖို့ အစားရေစာဝလင်ဖို့ ဖီလော်ဆိုဖီ ဖတ်ဖို့ လိုလို့လား ကိုယ်တော့နောက်ပြန်ဆုတ်လို့မရတော့ဘူး
အမှန်တရားကိုပက်လက်လှန်ပြီး ကြမ်းပိုးကို လိပ်လိုထား
သူ့ဘက်မဟုတ်တဲ့ ကိုယ့်ဘက် ကိုယ်ယက်ရင်း ကိုယ့်ဘ၀ကိုယ်
ဟိုမရောက်ဒီမရောက် ပြန်စမ်းကြည့်တော့
ခင်ဗျားအမြင်ကို လေးပင်သော ထင်မြင်ချက်များလည်း မပေးလိုတော့ ။


KZကေ

No comments:

Post a Comment