Tuesday, February 23, 2010

ကျားနှစ်မတိုင်မီ၂၀၁၀

၁။
ဘယ်လိုလည်း အဆင်ပြေတယ်မလား
ဆူးလေဘုရားလမ်းပေါ်မှာဖြစ်သည်။
ဆာကူရာတာဝါဘက်ကိုဖြတ်ကူးရင်းကျနော်သူ့ကိုမေးလိုက်တာဖြစ်သည်။
အင်းမဆိုးပါဘူး။ ဒီလိုပေါ့လေ။
သူ့မျက်နှာကနေရောင်ကိုတော်တော်ရင်းရင်းနှီးနှီးရှိနေမှန်းသိသာသည်။
ဆံပင်အရှည်တွေကအဖျားမှာကွေ့ကောက်ပြီးကျနေသည်။
မဆိုးဘူးဆိုတာကအများနည်းတူဒုက္ခရောက်တာကိုပြောချင်တာ။
ဒီတချက်ကနည်းနည်းထိရောက်သည်။ ကျနော်ဘာပြန်ပြောရမှန်းမသိခင်
ဟိုမှာအိန္ဒြာကျော်ဇင်နဲ့ရိုက်တဲ့မင်းသား
အော် နိုင်ငံခြားမှာနေတယ်ဆိုတဲ့မင်းသားလား
ရှေ့မှာလူအုပ်စုလိုက်ဝိုင်းကြည့်နေသည်။
၃၄လမ်းထိပ်က ဆိုင်ထဲကျနော်တို့ဝင်လိုက်ကြသည်။

ဆက်ပါမည်
KZကေ

No comments:

Post a Comment