Thursday, October 8, 2009

ပြီးခဲ့တလတာအကျဉ်းချုပ်

ကိုတီတူး
စက်တင်ဘာအမှောင်မှာကျနော်ပုန်းနေတာ
မိတ်ဆွေကြီးဆရာဘိုကတော့မင်းဘာသာစိတ်ကူးတွေမပွင့်လန်းတိုင်း
အနက်ရောင်စက်တင်ဘာတွေဘာတွေမလုပ်ပါနဲ့လို့ဆိုသဗျ
ဘယ်ဆိုးမလဲ သူလည်းသူ့စကားအရကျနော့်ဘလော့စောင့်ဖတ်သူပေါ့
ဒါကအရေးမကြီးပါဘူး
ဆိုတော့ဘာကအရေးကြီးမတဲ့တုန်း
ဒီလိုဗျ သူပြောတာလည်းမမှားဘူး
အနုပညာ(ဒီလိုပဲခန့်ခန့်ထည်ထည်သုံးခွင့်ပြုပါ)တခုဖန်တီးဖို့
ကျနော့်အတွက်တော့ အနဲလေး ကျနော်တယောက်တည်းအတွက်တော့
ထူးသယောင်စိတ်အခြေအနေတရပ်တော့လိုတယ်
ထူးမှခြားနားဆိုတာမျိုးနဲ့လည်းမရောနဲ့ပေါ့လေ
လောဘစိတ်ကင်းတဲ့လိုချင်မှုတခု
ကျနော်လည်းမပြောတတ်ဘူး ဘာသာစကားကဗျာဆရာတွေအားတက်အောင်ပြောရရင်
ဘာသာစကားနဲ့ရှင်းပြရန်ခက်ခဲတဲ့စိတ်ခံစားမှုတရပ်ပေါ့ဗျာ
ရှေးဆရာတွေပြောခဲ့တဲ့ အင်စပက်ရေးရှင်းလိုဟာမျိုးဖြစ်မှာပေါ့
အဲဒါကျနော့်ဆီမှာ စက်တင်ဘာတလလုံးချို့တဲ့နေခဲ့တာ
ဒါနဲ့ မနေ့က ဘရင်းကြက်ပေါင်းရေသောက်ကြည့်တယ်
ညှီစို့စို့နဲ့ ဘယ်လိုဟာပါလိမ့်ပေါ့
ပြောရရင် ပက်ပက်စက်စက်ပြောရရင် မကောင်းဘူး
မကောင်းရင်မပြောနဲ့ပေါ့ဗျာ ဆိုရင်ဖြင့်
ဘေးကင်းရန်ရှင်း သွေးတိုးရောဂါသိကောင်းစရာတို့ဘာတို့ပဲရေးရတော့မှာပဲ
စကားမစပ် ခင်ဗျားကရပ်မင်ကြီးလည်း အိမ်ဖြူကိုမျက်စောင်းထိုးခဲ့ဆိုပဲ
အနဲဆုံး ဖက်ငှက်ကထ (FED) လောက်တော့မှန်းကောင်းမှန်းခဲ့ပေမပေါ့
ကျနော်ဟာ အမြဲမကြေနပ်နေတဲ့သူပုန် တယောက်ပါဗျာ ဆိုတဲ့
သူ့အပြောလေး ခင်ဗျားသဘောကျနိုင်တာပ
ထပ်ပြီးစကားမစပ်ရရင် ပိုလန်းစကီးကို ဆွစ်ရောက်တုန်းဖမ်းလိုက်တယ်
မန်ယူမှာအရင်ကစားသွားတဲ့ ပိုလန်းစကီးလားလို့မမေးနဲ့ပေါ့လေ
ဘားလမ်းထိပ်မှာ နားကွင်းတဘက်နဲ့ နောက်နှစ်ရာသီအစမှာ
အိုဘားမားကို စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး
ရန်ကုန်ယူနိုက်တက်ကိုခေါ်မယ်ဆိုတဲ့ ခေတ်လူငယ်လေးလိုတော့ မမေးနဲ့ပေါ့လေ
အနုပညာဟာ အမြဲတန်းအာဏာရှင်ဆန်ခဲ့တာ ဆိုတဲ့သူ့အပြောတော့
ခုထိကျနော်ချေဖျက်ရခက်တုန်းပဲ
ပီယာနိုထဲမှာ လူပြုတ်ကျတဲ့အသံသူရိုက်လိုက်တာ
ကျနော့်မှာကတုန်ကယင်တွေဘာတွေဖြစ်လို့
ကျနော်ခုနေတဲ့အိမ်က ကေဘယ်လိုင်းကိုရုံးကခုထိပိုက်ဆံသွင်းပုံမရဘူး
ဘာချယ်နယ်မှကြည့်မရဘူး
မဟာတရုတ်ပြည်ကြီးနှစ်၆၀ပြည့်ပွဲလွဲသပေါ့
တမျိုးကောင်းတာပေါ့ cnn တို့ bbc တို့လည်းဘာထူးလို့လည်း
ရေကြီးတယ် လေတိုက်တယ် လောက်ပါပဲ
အီရတ်မှာဗုံးကွဲတယ် အာဖဂန်မှာ လည်းဗုံးကွဲတယ်
အီရန် ညူကလီးယားက ဘာဘာညာညာ ဒါတွေပါပဲ
ကဒါဖီက ကိုလံဘီယာ (ဗင်နီဇွဲလားထင်တယ်) သွားတယ် အားအားယားယားဗျာ
အိမ်ရှင်ကောင်ကလည်း အမျိုးသားရေးဒါဒီလိုလို
လက်ဝဲသစ်လိုလို ဘာလိုလို ဆန်သစ်ဆန်ဟောင်းလောက်တော့
ကျနော်တို့နဲ့မနီးစပ်တာအမှန်ပဲ
ဂျာမန်မှာ ဟိုအမျိုးသမီးကရွေးကောက်ပွဲနိုင်ပြန်တယ်
ဒါနဲ့ပဲ ကျနော်ရေးခဲ့တဲ့ ချက်ပွိုင့်ချာလီကိုသတိရပြန်ရော
ဒီလထဲမတော့
ဆက်ဆံရေးနဲ့ ဘာတွေကစားဦးမလဲမသိ
ဆက်သွယ်ရေးတွေကောင်းဖို့လိုတယ်ဗျာ အိမ်ကိုဖုန်းဆက်ရခက်လို့
ပြောရင်လည်းခက်ဦးတော့မှာ
သွေးတိုးရောဂါသိကောင်းစရာဆိုဘေးကင်းရန်ရှင်း
ခင်ဗျားရဲ့အပျော်တမ်းသမားကျနော်ရေးမှာပါ
ခနစောင့်

KZကေ

2 comments:

  1. ဆရာတို.လို ကိုယ်တိုင်ဖန်တီးနေသူတွေအတွက် “ထူးသယောင် စိတ်အခြေအနေတစ်ရပ်” လိုအပ်မည်ဖြစ်သော်လည်း ကျွန်တော်လို သူများရေးပြီးသားကို ဘာသာပြန်သူတစ်ယောက်အတွက်မူ မိမိ၏ ထူထဲလှသော အပျင်းများကို တွန်းလှန်နိုင်ဖို.သာလိုပါသည် ။ ကိုယ်တိုင်ဖန်တီးနိုင်သူများကို အားကျမိတာတော့အမှန် ။ “ဘေးကင်းရန်ကင်း သွေးတိုးရောဂါ သိကောင်းစရာ” လောက်ပဲကောင်းပါသည် ။ အရင်တစ်ခါ ရေးခဲ့ဖူးတဲ့ ကျွန်တော့်ရဲ. မှတ်ချက်လေးတစ်ခုကိုဘဲ ပြန်ပြီး ကောက်ပါရစေ “သမိုင်းမသစ်နိုင်မယ့်အတူတူတော့ နာရီဝက်လောက်အချိန်ပိုရရင် အိပ်ပစ်တာအကောင်းဆုံးပါ” ။ ဘာလုပ်မှာလဲဗျာ …..။ လူပြုတ်ကျတဲ့ အသံကို ပိုလန်းစကီး စန္ဒယားနဲ.ရိုက်ပြီး ဘယ်လိုဖန်တီးသွားသလဲဆိုတာကိုတော့ သိချင်စမ်းပါဘိ ။ ကိုယ်တိုင်တော့ စန္ဒယားကို လုံးဝစိတ်မဝင်စားပါ ။ လေတိုက်ခြင်း ၊ မိုးရွာရေကြီးခြင်းတို.မှာ သဘာဝတရားသာဖြစ်၍ ထူးပြီးမဆန်းသော်ငြား ၊ သတင်းစာထဲက ၃ နှစ်သမီးအရွယ် သမီးလေးကို ကယ်တင်နိုင်လိုက်တယ်ဆိုတော့ စိတ်မကောင်းမိတာတော့အမှန် ။ ပေါဖော်ကြီး အသက် ၆၀ ပြည့်သွားတာကိုလည်း စိတ်မဝင်စားနိုင်အားပါ ၊ ကျွန်တော့်ရဲ. “ဘားရက်” ကလေးကို သတိရနေမိတယ် ။ ကြည့်မရတဲ့ဖက်ရှင်ထဲမှာတော့ဖြင့် ကင်းမ်ချီစားပြီး အရက်ကောင်းသောက်နေတဲ့ ကျုပ်တို.ရဲ. “ကင်ဂျုံအီ” ကရှေ.ဆုံးကပေါ့ ။ အဆိုးဝါးဆုံး ဖက်ရှင်ပြိုင်ပွဲဆိုတာများ ရှိခဲ့ရင် သူပထမ ရလောက်တယ်။ အိမ်သူလေးဆီ ဖုန်းခေါ်လို. အဆင်ပြေသွားမှာပါ ။ ငြိမ်နေတာထက်စာရင် လှုပ်နေတာကပိုကောင်းတာပေါ့ဗျာ ။ ကျွန်တော်ကတော့ ကြိုက်တယ်။

    ReplyDelete
  2. ထူးသယောင်ဘာသာပြန်သူ
    ထူထဲလှသောသွေးတိုးရောဂါ
    သမိုင်းမသစ်နိုင်မဲ့
    နာရီဝက်အချိန်ပိုစန္ဒယား
    သဘာဝတရား
    ၃နှစ်သမီးပေါက်ဖော်ကြီး
    အရက်ကောင်းကောင်းသောက်နေတဲ့ဖက်ရှင်
    ငြိမ်နေတာထက်ကြိုက်တယ်။

    ReplyDelete