Sunday, June 28, 2009

Days

Days

D for Demonstrations
E for E-mail
F for Fcuk (no spelling mistake)
G for G-talk
H for HIV
I for I phone
D for Democracy
growing the globe is with modern and sophisticated
technology, poor diseases and interest politics and
I saw a three thin blue cloud swaying over my troubled idea
A Mad shop going inside kids
Would you like ………..
It in fact is …………….
Do you mind if I ……………………..
I’ve spent many days of my days as if I ………………….
Ringing tones are dancing in a small lather bag attached on a belt
Like a music or a pistol
One day I’ve tried breaking a hard shell of one Sunday with expectation to see a holiday
And I found of course a damaged one
So what does it mean
D for Days?

KZ ကေ

Thursday, June 25, 2009

နေ့များ။နေထိုင်ခြင်း

မနှစ်ကရေးခဲ့တဲ့ကဗျာတပုဒ်ပါ
တကယ်က ဥါဏ်အနီကိုဆက်ရေးဖို့ပါ
နောက်ပြီးရှေ့မှာပျိုးခဲ့တဲ့ ပါရီ ၂၀၀၃ ကလည်းရေးဖို့ရှိနေပါသေးတယ်
၂ ခုလုံးအတွက် အကြမ်းစိတ်ကူးထည်ကရှိပြီးသား
ချောဖို့ရာမချိန်နိုင်သေးတာနဲ့ပဲ ခုကဗျာကိုတင်လိုက်ပါတယ်
...........................
နေ့များ။နေထိုင်ခြင်း

နေ့သည်လင်းလွန်းလှသည်။အားစိုက်ရာမရ။အချိန်ဆက်ရွေ့နေဆဲမှာကြာ။
ပိုက်ဆံတွေပျက်ပြီ။ ရေဒီယို နာရီ စက်ပစ္စည်းများနည်းတူ့။
ရေခဲသေတ္တာထဲအဆီခဲခဲအနံ့မဲမဲခေတ်ကြီး
နေနှင့်ရှည်ကြာ မြက်ဖျားအဝါ
သစ်ရွက်တွေဟာမပွင့်သေးတဲ့ပန်းများ
စိတ်ပါဝင်စားမှုပြောင်းလဲရန်လိုအပ်သမျှမျဉ်းကြောင်းများ
ရေးခြစ်ကြည့်ပါ
မှန်မှန်အားလုံးကမတူ။မတူနိုင်။
ဖြစ်နိုင်ခြေတခု၏နောက်ဆက်တွဲအနာဂတ်များ
ချဉ်းကပ်ပုံအခြေခံထိုင်ထားတာကစ၍။
ပထမလတွင်ယခုနှစ်နှင့်မနှစ်က။ပြီးတော့မပြောင်း။ပြောင်းရန်မလိုဟုယူဆထားပုံ
သူ့ကိုမထိရ။နောက်အဆက်အစပ်ပြတ်။
အတွေ့အကြုံပေါ်တွင် နောက်ထပ်သိစရာများ အသိပညာ များလှ
ညတို့နေ့တို့နာရီတို့ရေတွက်ပုံ ၁ ၂ ၃ ၄ ငါး ခြောက်
မျက်နှာကျက်နံရံထောင့်မှထိကရုန်းပင်ပမာ ပင့်ကူအိမ်လိုထောင်ခြောက်
ကိုးလပိုင်းတွင်မိုးနံ့သွေ့ခြောက်လာပြီး
ထူးခြားသောအရောင်များ အကြောင်းအရာများ
အခြားတဘက်တွင်အသားကျနေသောအမှားသည်ပင်လျှင်
အောင်မြင်သောရပ်တည်မှုတခုနှင့်
ပုရစ်ကလေးတွေအော်မည်နေ မိုးနေ့များ မော်တော်ကားပြေးပုံနှင့်ခိုင်းနှိုင်းရပေလိမ့်
ကာလတရားသည် တစစ်စစ် တစိမ့်စိမ့် တရိပ်ရိပ်
မျက်နှာပြင်တွင် ဓါးနဲ့ထွန်ရင်း နေ့စဉ် စိုက်ပျိုးသင်ယူ
ကြည့်မှန်၏မြေမျက်နှာသွင်ပြင်ရင့်ကျက်
မျက်မှန်၏အတွေးအခေါ်ဟောင်းပြောင်းလဲ
ရေပန့်နှင့်ပြန်စုပ်ထုတ်၍မရသည်မှာခန္ဓာကိုယ်ထဲစီးဝင်နေသည့် တစစ်စစ် တစိမ့်စိမ့် တရိပ်ရိပ်
အမျိုးသမီးငယ် စားပစ်လိုက်တဲ့ အချိန်ကာလများပျိုရွယ် အရည်တရွှမ်းရွှမ်းပိုမိုစိမ်းလန်းခဲ့ပေမယ်
အရိပ်ပမာလိုက်လာသည်ဆိုသော်လည်း
အတိတ်ဟာမပြန်သာကျန်ရစ်ခဲ့သောအမည်နာမမဲ့မှုများ
ပန်းတွေဟာပွင့်ပြီးသောသစ်ရွက်များပမာ

KZ ကေ

Saturday, June 20, 2009

ရေတွက်ခြင်းနှင့်စကားစမည်

တလောက blog အသစ်လုပ်တဲ့သူငယ်ချင်းက link ပို့တော့
ဖွင့်ကြည့်တာ အံမယ် ခင်ဗျာက ကောင်တာတွေ စီဗုံးတွေနဲ့ကိုး
ဟေး ငါ့လည်းပြောဦးလေဆိုတော့ သူက ဟဲဟဲ ဟဲဟဲ နဲ့
လိုင်စင်ပုံလို ၁၅မိနစ်အမြန်ပေါ့လေ ပို့ချပါတယ်
ဘာရမလဲ ခုတွေ့တယ်မလား
တခုပါပဲ ပို့စ် ၄၀ ကျော်မှကောင်တာမှာ ၁ ကစတော့
အင်းပေါ့လေ ကိုယ့်ဘာသာ တနေ့ ၁၀ ခါလောက်တော့ဖွင့်ရမှာပေါ့
တပတ်လောက်နေရင်ကြည့်ကောင်းသွားမှာပါ

Thursday, June 11, 2009

ဥါဏ်အနီနဲ့အိပ်မက်အနက် ၃

ကိုတီတူးရေ
ဒီပို့စ်မှာတော့ကျနော်ထင်တာလေးတွေ သို့မဟုတ်
ကျနော့်အတွေ့အကြုံလေးတွေ ကိုရေးခွင့်ပြုစေချင်ပါတယ်။
တနေ့လုံးကျနော်တို့လှုပ်ရှား ကိုယ်စိတ်နှလုံး၃ပါးစလုံးနဲ့
တကွင်းလုံးတွန်းတွန်းတိုက်တိုက်လိုက်ကစားပြီး
ညတိုင်ရောက်တော့အနားယူကြရတယ်။
အိပ်စက်ရာသလွန်ညောင်စောင်းမှာ
တနေ့လုံးမိခဲ့တဲ့အာရုံတွေထဲက
ကိုယ်အချိန်ပေးခွင့်စူးစိုက်ခွင့်မရခဲ့တဲ့အာရုံတွေ
ဥမမာ ခင်ဗျားဆုပ်ထားတဲ့လက်ကိုဖြေလိုက်ရတာ။
တယ်လီဖုန်းမြည်မယ် ခနလေးပြောပြီး ညနေပြန်ခေါ်မယ် ဆိုသော်လည်း
သူ့အတွက် ညနေညိုရီဟာရောက်မလာ။
၅ နာရီမှာလာမယ်တဲ့ မာရီယာ က ……
အဆိုပါအဖြစ်အပျက်အလုံးစုံဟာ တိုက်ဆိုင်သလို
ညမှာအိပ်မက်အဖြစ်လာထင်ဖို့ကြိုးစားပုံရပါတယ်။
တိတိကျကျဆိုရရင် (ကျနော်တယောက်တည်းအတွက်တော့)
ကိုယ်စိတ်ထဲမိမိရရလုပ်ခွင့်မရ တွေးခွင့်မရ ပြောခွင့်မရ တာတွေ
သိစိတ်ရဲ့နက်တဲ့တနေရာကို မထင်မှတ်ပဲရောက်သွားတယ်
သိစိတ်ချည်းလုံးလုံးနဲ့တော့ ခင်ဗျားဘယ်လိုအိပ်မက်မလဲဗျနော။
အိပ်မက်ဟာ တ၀က်သိစိတ်နဲ့ ပြောခဲ့တဲ့နက်တဲ့တနေရာကဟာကိုပြန်တူးပြီးပို့တယ်။
မသေချာပဲပူပန်နေရတာတွေ ဘယ်တော့မှန်းမသိတဲ့မျှော်ရည်အလွမ်းတွေ
ကိုယ်ဆုံးရှုံးခဲ့တာတွေ အောင်မြင်မှုအရိပ်အငွေ့တွေ အားနည်းချက်တွေ ပိုင်ဆိုင်မှုတွေ
ကျနော့်အတွက်တော့ ကောင်းတာတွေရှိပေမဲ့ ဆိုးရိပ်ပိုသာတဲ့ အတွေ့အကြုံ အာရုံ
တွေဟာ တ၀က်သိစိတ်ပိုက်နဲ့ညိပြီး ညဆီမှာ အိပ်မက်အဖြစ် လွတ်လမ်းရှာပါတယ်။
(တခါက ပြည်တော်ကြီးက စိတ်ပညာဆရာတဦးက Subconscious ကို
မသိစိတ်လို့ဆိုမဲ့အစား တ၀က်သိစိတ်လို့ ပြန်ဖို့အကြံပြုဖူးပါတယ်။ ကျနော်သဘောကျတာနဲ့
ခုဒီလိုပဲရေးပါတယ်။)
သို့ပေမယ်လို့ ထူးခြားတာတခုက အိပ်မက်ဟာ ကာလနဲ့ဒေသ ကို
(တ၀က်သိစိတ်အကူအညီနဲ့) ချယ်လှယ်ရာမှာတော့စွမ်းလှပါပေရဲ့။
ခင်ဗျားကတော့ထင်မှာပဲ ဒီလူတော့ လိုင်းပြောင်းပြီး အိပ်မက်အနက်ဖွင့်ကျမ်းတွေ
ဘာတွေရေးတော့မယ်လို့။
ဒါကြောင့်ကိုယ့်ဆရာလို ပညာတတ်များလည်း အထင်မသေးရဲအောင်
နောက်ပို့စ်မှာ အိပ်မက်ထဲ time နဲ့ space ကိုကျနော်ကြိုးစားပြီးထဲ့ကြည့်ပါ့မယ်။

ဇတ်သိမ်းပိုင်းကိုမျှော်ပါ
KZ ကေ

Tuesday, June 9, 2009

ဥါဏ်အနီနဲ့အိပ်မက်အနက် ၂

ကိုတီတူးရေ
ဒီတိုင်းသာဆို အိပ်တာရယ် မှတ်ဥါဏ်ရယ် အိပ်မက်ရယ် မှာ
အဆက်အစပ်လေးတွေ ရှိတယ်လို့ပြောရတော့မှာပေါ့။
ပညာရှင်ဆိုသူတွေကနဲနဲသိရင်မနေဘူး။ ထပ်ကွန့်ချင်တွန့်ချင်ကြတာ
မှတ်ဥါဏ်တိုင်းအိပ်မက်မှာလာပေါ်တာမဟုတ်ဘူး။
သဘောဥါဏ် (သဘောတရားကိုသာစွဲတဲ့ဥါဏ် semantic memory) ကသာပေါ်တာတဲ့။
ဥပမာ ကြောင်သည်ခြေလေးချောင်းသတ္တ၀ါဖြစ်သည် လို့ခင်ဗျားသိထားတာမျိုး။
တခါတလေများအိပ်မက်ထဲယောင်လို့ခြေနှစ်ချောင်းနဲ့ကြောင်များတွေ့ခဲ့ရင်
ကျနော့်ကိုပြောစမ်းပါဗျာ။ ဒီလူတွေနဲ့ငြင်းချင်စမ်းလှတယ်။
ဟုတ်ပြီ။ သူတို့ဆိုလိုတာက ငါးရှဥ့်ခြောက်စပ် ချက်သလို အသားညှပ်ပေါင်မုန့်လုပ်သလို
တခုပြီးတခုအစီအစဉ်တကျမှတ်မိတဲ့ဥါဏ်မျိုး (စီစဉ်ဥါဏ် Procedural memory) နဲ့အိပ်မက်
မဆက်စပ်လှဘူးဆိုပဲ။
သေချာစဉ်းစားကြည့်တော့ကျနော်အဲသည်အဆိုကိုသဘောတူချင်လာတယ်။
သဘောဥါဏ်ကအိပ်မက်မှာလာချိတ်တယ်ဆိုတာလေ။
သို့ပေသော်ငြား ခင်ဗျားဇတ်လမ်းဆန်ဆန်အစီအစဉ်လေးနဲ့မက်တာမျိုးကြုံဘူးရင်တော့
တမျိုးပြောရမယ်။ ဒါကို အစီအစဉ်နဲ့လုပ်တာကိုမှတ်မိတဲ့ဥါဏ်နဲ့တော့သွားရောလို့မရဘူး။
(နေ့အစဉ်မှာအစီအစဉ်နဲ့တဆင့်ချင်းဖြစ်ပျက်ရတာဆိုပေမဲ့ ...ဒါပြောချင်ပုံပဲ)
အဲဒီလိုမျိုး ခင်ဗျားဇတ်ကြောင်းပြောဆန်ဆန် အိပ်မက်တွေ့လာခဲ့ရင်
ဒါဟာ စိတ်ဖိစီးမှုတခုအောက်မှာရုန်းကန်နေရတဲ့သဘောဥါဏ်တွေရဲ့စုစည်းမှုလို့
အင်း ပညာရှင်တွေပေါ့ဗျာ သူတို့အဓိပ္ပါယ်ဖွင့်ကြလေရဲ့။

ဆက်ရဦးတော့မှာပါလား
KZ ကေ

Sunday, June 7, 2009

ဥါဏ်အနီနဲ့အိပ်မက်အနက်

ကိုတီတူးရေ
ခင်ဗျားရေးတဲ့တ၀က်မှတ်ဥါဏ်များနဲ့ဆိုင်တဲ့ comment ကိုဖတ်ပြီး
ကျနော်တခုခုရေးချင်စိတ်ပေါက်လာတယ်။
ကျနော်တို့အင်တာနက်မှာပြောဖြစ်တဲ့အခါခင်ဗျားပြောလေ့ရှိတဲ့လက်သုံးစကားလေးနဲ့စရမှာပဲ
ဒါတွေဒီလိုရှိတယ် ဘာညာတွေလည်းဆိုပြီးရော
ခုတော့အိပ်လိုက်ဦးမယ်ဆိုတာလေ။
ဒီလိုပါ။ အိပ်တာရဲ့အဓိကကျတဲ့လုပ်ဆောင်မှုတခုက ခင်ဗျားမှာရှိတဲ့ ယာယီအချက်အလက်တွေကို
ရေရှည်မှတ်ဥါဏ်ဖြစ်အောင်ပြောင်းလိုက်တာတဲ့။
(ဒီတော့ခင်ဗျားမေ့ဥါဏ်များဖတ်ချင်ရင်မောင်ပေါက်ကျိုင်းကိုသာရေးခိုင်းပေတော့)
မှတ်ဥါဏ်ဆိုတာကလည်းပြောတော့သာ။ အမျိုးမျိုးရှိဆိုတာကလား။
ပြောမယ်ဆို ကျနော်ကဥါဏ်သိပ်မကောင်းတော့အဲဒီလိုထွေလီကာလီတွေများလာရင်
သိပ်သဘောကျတာမဟုတ်ဘူး။
အဲဒီတော့သေချာတာကိုကိုယ့်လက်တွေ့ဘ၀ထဲကအတွေ့အကြုံလေးနဲနဲသုံးပြီးစဉ်းစားကြည့်တယ်။
အိပ်တာကစရအောင်။
သေချာပေါက်လူတိုင်းအိပ်ဘူးတယ်။
ဦးပေါ်ဦးအိမ်ရှေ့ဘုရင်ကအီး၂ပါခိုင်းတာခင်ဗျားသိတယ်မလား။
ဦးပေါ်ဦးကပြောတယ်လေ။ ကောင်းပါပေ့ ငါ့ရှင်ရယ် ကိုယ့်လူ ရှူးရှူးတော့မဖလားဝါးရဘူးတဲ့။
ဘယ်ဖြစ်ပါ့မလဲဗျ။ သူတို့နှစ်ခုက နှစ်ခုပေါင်းမှတချောင်းဖြစ်တဲ့ အီကြာကွေးလိုမလား။
ဘယ်ခွဲလို့ရပါ့မလဲ။ အိပ်တာလည်းဒီလိုပေါ့ အိပ်ရင်အိပ်မက်တော့မက်ကြရတာပဲ။
အိပ်မက်ကမှတ်ဥါဏ်ထက်ပိုဆိုးတယ်ထင်တယ်ဗျာ။
ခုထိဘယ်သူကဘာလို့တိတိကျကျမပြောနိုင်ကြဘူးလေ။
ကျနော်လည်းလူထူရင်ပြောလို့ရအောင် ဖရိုက်ဒ် တို့ လာကင်တို့ နဲနဲမှတ်ထားတာရှိပေမဲ့
သိပ်တော့နားမလည်လှဘူး။
သေချာတာတခုက ပညာရှင်တွေအဆိုအရ အိပ်မက်ဟာ အိပ်တဲ့အချိန်ရဲ့
REM (Rapid Eye Movement) အပိုင်းအခြားမှာဖြစ်တာ။ သိပ်နှစ်နှစ်ခြိုက်ခြိုက်မအိပ်ပျော်တဲ့အချိန်လို့
ပြောရမှာထင်တယ်။
အိပ်မက်တဲ့အချိန်အပိုင်းအခြားကိုတော့သိပြီ။ ဘာတွေကိုဘာလို့မက်တာလည်းဆိုတာ
ကျနော့်ယောင်ဝါးဝါးအမြင်နဲ့ ပညာရှင်အမြင်ဆက်စပ်ပြီးရှင်းကြည့်ချင်တယ်။
အံမယ် ဟေ့လူ ခင်ဗျားအိပ်ငိုက်နေပြန်ပါပြီ။

ဆက်ကြတာပေါ့ဗျာ
KZ ကေ