Sunday, July 22, 2012

ဇွန် ဇူလိုင်မှာကွယ် မိုးဖွဲလေးများကျတော့


ပြည်ထဲရေးနှင့် ၀မ်းရေးကြောင့် မျက်မှောင်သောစိတ်မရှည်မှုကျူံ့လျှက် ထင်မြင်မှု တွေးတောတိမ်မျှင်အား ရေစက်အနည်းငယ်တောက် ပုဝါပါးစဖြင့် ကြက်သားနှင့်အသီးအရွက်များပေါ် အုပ်မိုးပြီး အနာဂတ်ကို ကဗျာစပ်ဆို လန်းဆန်းစေသည်

မသေချာအောင်တမျိုးတည်းမတွေးခေါ်မိအောင်နေ့စဉ်လူနေမှုဘ၀ကိုအခြားအမြင်တမျိုးဖြင့်မွမ်းမံခြင်း

သောက်ရေအိုးအဖုံးပွင့်နေပြီး စာသားသည်အခြားအဓိပ္ပါယ်တမျိုးဖြင့် တပေါက်ပေါက် အပေါ်သို့ယိုစိမ့်ကျနေသည်

ဇွန် ဇူလိုင် မိုးရိပ်အောက်တွင်နေရောင်ခြည်မှာ အပေါ်သွေးအနည်းငယ် အောက်သွေးအတန်ကျနေသည်
သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံကိုလက်ဆောင်ပါးတဲ့ ဒူးအထိတက်ပန်ရသော ပုလဲမိုးပန်းများ ခေါက်ထီးများပွင့်လိုက်ပိတ်လိုက် မော်တော်ကားများရပ်လိုက်မောင်းလိုက် အ၀တ်လှမ်းတုတ်တန်းများ ၀င်လိုက်ထွက်လိုက် စိုလိုက်ခြောက်လိုက်

အရင်လို မဟာဗန္ဓုလပန်းခြံထဲကျားပွဲကြည့် တယောက်တည်းပြေးပြီးချော်လဲသွားတဲ့ ဆိုရှယ်လစ်ဝါးလုံးခေါင်းထဲလသာ  အနော်ရထာလမ်းပေါ်ပျက်နေသောမီးခြစ်အကောင်းစားများနဲ့ နေပြည်တော်မှာ သံခေါင်းစွပ်မင်းသားကားကြည့်ရတာပဲကောင်းမလား 

သစ်ရွက်စိမ်းများအုပ်မိုးနေသဖြင့် နှင်းဆီနီကိုမမြင်ရ  နှင်းဆီနီကိုမြင်ရပြန်လျှင်လည်း ဆူးကိုမမြင်ရချေ 

လိမ္မော်ရောင်တနင်္ဂနွေတွင်အကောင်းမြင်ဝါဒနှင့်အေးစက်စက် မြန်မာစီဘီယာ
ကားဝိုက်ဘာသည် မူးနောက်နေအောင် လူးလာကူးခတ်ရှိချေသည်။ မီးပွိုင့်တွင်အရောင်သုံးရောင်အစား  အနက်ရောင်လင်းရာ လူလူချင်းစိတ်ကူးဖြင့် ဆက်သွယ်ပြီး နှင်းဆီနက်ကိုဖြေရှင်းကြရသည်။ 

မီးစက်များ ချွေးတလုံးလုံး ထွက်အောင် ကန်တော်မင်ကျောင်းဆရာတော်၏ အင်းယားချောင်းကန်များ ကို မဆုံးတမ်းတူးဖော်နေကြဆဲဖြစ်သည် 

ဒုတိယကမ္ဘာစစ်နောက်ပိုင်းလူသား၏မိုက်မဲမှုကိုလှေကြီးထိုး ရိုးရိုးစစ်ချည်းသက်သက်ဖြင့် ဖော်ပြခြင်းငှာမဖြစ်နိုင်တော့

ခဲတံ မိုးဆမ်းပန်းစာအုပ်အရောင်းဆိုင် ခဲဖျက် နေ့ပြန်တိုး ကော်ပြားဖြင့် အသင့်ပြုလုပ်ထားသော မြန်မာပြည်မြေပုံ ခြံစည်းရိုးတွေခတ်ပြီး ထုံးသုတ်ခဲ့ရသောအိမ်စာများ

ကရင်ပြည်နယ် မွန်ပြည်နယ်  တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။ နောက်နှစ်ရက်အဖို့ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တွင် နေရာကွက်ကျား  စစ်တွေ ဘူးသီးတောင် မောင်းတော နှင့် ရခိုင်ကမ်းရိုးတန်း တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး 

ခိုးဆောက်ခံရသောရေကာတာများ  လွှတ်တော်ပြင်ပငြိမ်းချမ်းရေးဆွေးနွေးပွဲများ လွှတ်တော်တွင်းစီးရီးအေလုပ်ပွဲများ မြန့်မာ့ရိုးရာရုပ်သေးအနုပညာပြန်လည်ဆန်းသစ်ခြင်း စိုက်ပျိုးချိန်ဆိုပြန်လျှင်ဝင်းမှည့်ရွှေရည်ဥခဲ့သော စံပါးရွှေဝါမြေယာသိမ်းပွဲများ အမတော်ကြေးများ အဘတော်ကြေးများ
ငိုအားထက်ရယ်အားသန် အခုမှ ယုယ သူက တဒုက္ခ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးများ

ရုပ်ရှင်မကြည့်မီ နိုင်ငံတော်အလံသစ်နှင့်
ကျဆုံးခဲ့လေပြီးသောအာဇာနည်စိတ်ဓါတ်များအား အလေးပြု
အဖြစ်အပျက်များ အတွေးအခေါ်များ နေမြဲ

KZကေ
ရန်ကုန် ဇွန် ဇူလိုင် ၂၀၁၂